-40-

3.1K 316 222
                                    

For Unicode

အခန်းထဲထိုင်နေသော်လည်း ဂဏာမငြိမ်သောလက်နဲ့ အကြောဆွဲတဲ့လူတစ်ယောက်ကဲ့သို့ဖစ်နေတာဟာ ဒါ Li အတွက်ပထမဆုံးအကြိမ်..၊ တဂယ်က နေ့ခင်း သူမနဲ့တွေ့ပြီးထဲက Li ဆေးလိုနေခဲ့တာ..၊ အိမ်ရောက်မှအဆင်ပြေမယ် ဖြေဖျောက်မယ်အထင်နဲ့ကျောင်းမှာအားတင်းကာနေခဲ့ပေမဲ့ အိမ်ရောက်တော့လဲ ရှိမနေခဲ့...၊

တဂယ်က Li မေ့နေခဲ့တာ ပစ္စည်းပျက်နေတယ်ဆိုတာကိုလေ...  အိမ်ရောက်ထဲက အသည်းအသန် Oppa ကိုဖုန်းဆက်ကာ မှာလိုက်ပေမဲ့ အခုချိန်ထိရောက်မလာသေး...၊ Li တဂယ်အဆင်မပြေတော့ဘူး ကြာရင်ဘာဖစ်သွားနိုင်လဲတော့ Li မသိပေမဲ့ အခုတော့ အားးအင်ကုန်ခမ်းနေသလိုလိုပင်...

တွေးနေရင်း ph သံကြားတာမို့ ကိုင်လိုက်တော့ Oppa ။ ခြံရှေ့မှာစောင့်နေတဲ့ Oppa ဆီအလျင်အမြန်ပြေးလာရင်းလက်ထဲကပစ္စည်းကိုယူကာ Li အခန်းဆီပြန်လာခဲ့သည်။

အခန်းထဲရောက်တာနဲ့ စားပွဲခုံပေါ် ဆေးအနည်းငယ်ဖြန့်ဖြူးပြီး အလျှင်အမြန်ထိရောက်တဲ့ အပ်ကိုသုံးကာ ဘယ်ဘက်လက်အသားထဲထိုးသွင်းနေချိန် ကြားလိုက်ရတဲ့အော်သံတစ်ခု...၊ အသံလာရာဆီကို Li အကြည့်တွေပို့လိုက်မိတော့ အံ့ဩနေခဲ့တဲ့သူမ...

" Lisa...... "

အော်သံအတူ Li အနားကိုပြေးလာတဲ့သူမက အလျှင်အမြန်လက်ထဲက ဆေးထိုးအပ်ကို ယူသွားခဲ့သည်၊

" JJ မဖစ်ဘူး Li ကိုပေးပါ "

" မင်း ဒါဘာလုပ်နေတာလဲ Lisa...
တို့ကိုရှင်းပြစမ်း "

ဆေးထိုးအပ်ကိုကိုင်ရင်း စကားများကာ Li ကိုရှင်းပြခိုင်းနေတဲ့သူမကိုစိတ်မရှည်ချင်တော့... ပင်ကိုယ်စိတ်မဟုတ်ပဲ လိုအပ်နေချိန်မှာမသုံးရတာမို့ စိတ်လဲဆက်နေသလို ဒေါသအနည်းငယ်လဲ ထွက်လို့လာသည်။

" Li ကိုအရင်ပေးပါ ပြီးရင် Li ရှင်းပြပါ့မယ်...
Li အရမ်းလိုအပ်နေလို့ပါ... အခုမသုံးရရင် Li သေသွားနိုင်တယ် "

" မပေးဘူး မင်းအရင်ရှင်းပြ ပြီးတော့ မင်း ဒီဟာကိုလဲ မသုံးရဘူး "

ဆေးထိုးအပ်ကိုမြှောက်ပြရင်း ပြောလာတဲ့သူမက လွှင့်ပစ်လိုက်တာမို့ Li မြန်မြန်ဆန်ဆန်အခန်းထောင့်ကိုပြေးသွားရင်း ဘာကိုမှဂရုမစိုက်ပဲ ဆေးထိုးအပ်ကိုကောက်ကာ အသားထဲထိုးသွင်းလိုက်သည်။

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now