-52-

3.3K 322 137
                                    

For Unicode

ရာသီစက်ဝန်းတွေတဖြည်းဖြည်း ပြောင်းလဲသွားတာကြောင့် Soo ရင်ထဲမှာရှိတဲ့ အစိုင်အခဲတစ်ချို့လဲ နေရာပြောင်းသွားခဲ့ပြီ။

တစ်နှစ်ဆိုတဲ့အချိန်ကာလကိုကုန်ဆုံးပြီးတဲ့နောက်မှာ Soo သိလာရတာတစ်ခုက ဘယ်အရာမှမတည်မြဲဘူးဆိုတာကိုပဲ... ဘာကြောင့်လဲဆိုရင် အခု Soo ကိုပဲကြည့်...

ပြန်မလာနိုင်တဲ့တွယ်တာမှုမျိုးကို မျှော်လင့်နေမဲ့အစား အကောင်းဆုံးကိုပဲရွေးချယ်သင့်တယ်။ Soo အခုချိန်မှာအားလုံးမဟုတ်တောင် JenJen အပေါ်ကိုခံစားချက်တွေပျောက်ကွယ်လုနီးနီးဖစ်နေပြီ..နာကျင်ရပေမဲ့လဲ လူတိုင်းပြောတဲ့ အချိန်ကကုစားသွားမှာပါ ဆိုတဲ့စကားနဲ့ပဲ Soo ကြိုးစားခဲ့တာ..

ရလဒ်ကနှေးကွေးပေမဲ့ Soo ဖစ်ချင်တဲ့အတိုင်း ဖစ်လာတော့မယ်၊ Soo အခုဆိုအတော်လေးပြောင်းလဲနေပြီ၊ အရင်က JenJen ခေါ်ခဲ့တဲ့ JiJi ဆိုတဲ့နာမ်စားလေးကိုဖျောက်ပစ်ပြီး Soo ကိုသိပ်ချစ်တဲ့ Chae ခေါ်ခဲ့တဲ့နာမ်စားလေးကို Soo သုံးနေမိပြီ...

အချိန်ကြာလာတာနဲ့အမျှ  Soo ရဲ့ဆုံးဖြတ်ချက်တွေပြောင်းလဲလာတယ် ၊ Soo ရဲ့ပျော်ရွှင်မှုကို သေချာပေါက်ပြန်ရှာမယ်လို့လဲ Soo ဆုံးဖြတ်ထားတယ်၊ Chae ရောအဆင်မှပြေနေရဲ့လား..

တစ်နှစ်လုံးအဆက်အသွယ်မလုပ်ပစ်ထားခဲ့တဲ့ Soo ကိုမေ့နေပြီလား ၊ Chae ရဲ့ခံစားချက်တွေပြောင်းလဲသွားပြီလား ၊ Soo တို့သိခဲ့တဲ့အချိန်က နည်းခဲ့ပါတယ် ၊ ဒါပေမဲ့လဲ Chae ရဲ့ခံစားချက်တွေကို Soo သေချာပေါက်နက်နက်ရှိုင်းရှိုင်း ခံစားမိတယ်..

Soo Korea ကမထွက်လာခင် ပြောချင်ခဲ့တဲ့ စကားတစ်ခွန်းကိုပြောဖို့စောင့်ခဲ့ပေမဲ့ Chae ကရောက်မလာခဲ့ဘူး... အဲ့စကားကို Chae မသိပေမဲ့
Soo သေချာပေါက်လုပ်နိုင်တော့မယ်ထင်တယ်...

" ဟိုကောင်မလေးအကြောင်းပဲတွေးနေပြန်တာလား Chu "

Soo တစ်ယောက်ထဲ ရုံးခန်းထဲအတွေးနယ်ချဲ့နေတုန်း စာပွဲခုံကိုလက်ထောက်ကာ လက်တစ်ဖက်က ကားသော့ကိုလှည့်နေရင်း Hanbin Oppa ကပြောလာသည်။ Soo လဲ Oppa ကိုကြည့်ကာပြုံးပြလိုက်ရင်း...

" မဟုတ်ဘူး အခုကလူပြောင်းသွားပြီ "

" ဘာလဲ ကိုယ့်ကိုစဥ်းစားပေးတော့မှာလား "

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now