Ch2-Part 9(Unicode)S*C*

2.6K 201 21
                                    


🎶ဒီရင် ထဲမှာ မင်းကို ချစ်တာ တစ်သက်တာ ယုံစမ်းပါကွာ....
ဒီရင်ထဲမှာမင်းကိုချစ်တာ တစ်သက်တာ ယုံ စမ်း ပါကွာ... 🎶
🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼

ည သည် မြူခိုးမြူငွေ့တွေ ရစ်သိုင်းလျက်
အေးစက်နေ၏။
လပြည့် ည ဖြစ်တာကြောင့်လား မသိပါ...
အလွန်တရာ မှလဲ ထိန်လင်းကာ သာယာနေပေသည်။
ပြည့်တင်း ဝင်းထိန်လှသော လမင်း၏ အနီးတစ်ဝိုက် တွင် ကြယ် စုကြယ်ဝေး များ ကို မြစ်ရေစီးကြောင်းလေးတစ်ခုသဖွယ် တွေ့ရတတ်သည်။
ထိန်လင်း တောက်ပလှ၏။
အဖြူရောင် မြူခိုးမြူငွေ့များသည် လည်း နဂါးငွေ့တန်းသဖွယ် ရစ်သိုင်း လည် ပတ် လို့နေလေသည်။

ထိုကဲ့သို့သော ည လေး တစ်ည ရဲ့ ရန်ကုန် မန္တလေး အဝေးပြေး ကားလမ်းမကြီးပေါ် တွင် တော့ ကား နှစ်စီးက ရှေ့ဆင့်နောက် ဆင့် အေးအေးလူလူပင် သွားလာလျက်ရှိ ပေသည်။
အရှေ့က သွားနေသည့် ကားအတွင်းမှ အထက်က သီ ချင်းသံလေး က လမ်းမကြီးပေါ်တွင် ညင်သာစွာ ပျံ့လွင့် နေ၏။
အတွင်း တွင်မတော့ သီချင်း သံကို နား ထောင် နေသူက ကားမောင်းနေသူနှင့် ကားစပယ်ယာ နှစ်ယောက်သာရှိပြီး တစ်ကားလုံးကတော့ နှစ်ခြိုက်စွာ အိပ်မောကျလို့နေကြပါသည်။
ထိုစဥ်မှာ ပင် ရှေ့ဆုံး တန်းမှာ ထိုင်နေသော တစ်ယောက်မှာ နိုးလာပုံရကာ အကြော တို့ကို ဆန့်တန်းရင်း ခေါင်းထောင်လို့လာပြီး ဘေးပတ်ပတ်လည်ကို ကြည့် လိုက်၏။
ထိုအခါတွင် သူသည် အားရပါးရ မရယ် မိအောင် မနည်းကို ထိန်းရပါ တော့ သည်။
အကြောင်းမှာ သူ၏ဘေးတွင် တစ်ယောက်ကိုတစ်ယောက် အားရပါးရ ခွခေါင်းအုံးအလား ခွကာ ဟောက်သံ တွေပင် ထွက်နေကြပါသော မင်းခန့်နှင့် မိုးဒီ ကို တွေ့ရခြင်းကြောင့်ပင်။

အနောက်တွင်လည်း နားကြပ်ကြီး တပ်ကာ ကားကို ကိုယ့်အိမ်ကိုယ့်ယာ အလား ထင်မှတ်မှား၍ EC ကြီး ရွှေ ရည်ဦးနှင့် မြတ်နိုးသိမ့် တို့က ခြေကားယားလက်ကားယားနှင့် အားရပါးရအိပ်ပျော် နေကြပါသည်။
ကျန်သူများမှာလည်း စောင်းအိပ်သည့်သူက အိပ်သည်။
လွတ်လွတ်လပ်လပ်အိပ်သူကလဲ ပုံစံအမျိုးမျိုး နှင့် အိပ်နေကြ၏။
ဆရာဦးထိန်ဝင်းနှင့် ဆရာဦးမြတ်စိုးသည် ပင် တစ်ယောက်ပုခုံးပေါ်တစ်ယောက်မှီလျှက် တုတ်တုတ်မှ မလှုပ်အောင် အိပ်မောကျနေပါတော့သည်။

ဝသုန် ဤမြေ တိုင်တည်ခဲ့သည်Where stories live. Discover now