Ch4 -Part16(Zawgyi)

505 31 0
                                    

"အားလုံးပဲ ပစ္စည်းတွေ စစ်ကြပါ!! "

"ဟေ့မောင်တက် ရေကားငှားမလို့တဲ့!!! "

"ပုဂံလက်ဆောင်ပျားရည် လေးတွေ လေ ဝယ် သွားပါဦးလား.... "

ပုဂံမြို့တော်ရဲ့ အဝေးပြေးဂိတ်တစ်ခုလုံသည်ပျားပန်းခတ်မျှ စည်ကားလျက် အသက်ဝင်လှုပ် ရှားလို့နေသည်။
Express ကားကြီး များ သည် စီတန်း၍ ကိုယ်နှင့်သက်ဆိုင်သော Company ရုံးခန်း ရှေ့ တွင်ရပ်ထားကြ၏။
ထွက်ရမည့်ကားများက လဲ သူ့နေရာနှင့်သူ အစဉ်လိုက် ရှိလေသည်။
ကားငှားသူက ငှား အခုမှရောက်လာတဲ့ ကားတွေကလဲ ပစ္စည်းစစ်သူက စစ် ဈေးရောင်းသူက ရောင်း နှင့် အလာတုန်းကလိုပင် ဆူညံ ပွက်လောရိုက်လို့နေကြပါသည်။

သို့သော် အလာတုန်းက နှင့် မတူသည် က သူတို့ အနုပညာ ကျောင်းတော်သူ ကျောင်းတော် သားတွေက ဒီမြေက နေ ခွဲ ခွာ ရတော့မည် ဆိုတာပါပင်။
ထနောင်းပင် ရိပ် တို့ နှင့် ပြည့်နှက် နေသော မြေနီ တွေအားလည်းကောင်း။
တမာနံ သင်းပျံ့ နေသည့် လေပြေ ညှင်းတွေအားလည်းကောင်း။
ရှေးနှစ်ပေါင်းများစွာ မှသမိုင်းကြောင်းတို့ဖြင့် ပြည့်နှက် နေသော နေရောင်အောက်က ဘုရားတွေကို လည်းကောင်း။
ညီညီ စီတန်း၍ စိုက် ပျိုး ထားသော ထန်းပင် တန်းကလေးများကို လည်းကောင်း ။
ခွဲရပေဦးတော့မည်။ ခွာရဦးတော့ပေမည်။

သက်တံ့သည် ကား ပေါ်မှာ ထိုင်နေရင်းနှင့်ပင် ခံစားချက် များက ရောယှက် နေကြသည်။
ဒီမြေက နေ မခွဲခွာချင်သေး။
ဖြစ်နိုင်ရင် ပြန်ကို မပြန်ချင်လှပါ။

ဒီ ပုဂံမြေသည် သူ့အတွက် အရမ်းကို နွေးထွေးတဲ့ နေရာ ဖြစ်ခဲ့သည်။
အမှတ် တရ တွေများစွာ ကျန်ရစ်ခဲ့သော နေရာလဲ ဖြစ်ပါသည်။

ဒီမြေပေါ်မှာ သူနဲ့ကန္တာ တစ်ယောက်နှလုံးသား ကိုတစ်ယောက် ဖလှယ်ခွင့်ရခဲ့ကြသည်။

မနက်မိုးလင်းတိုင်း တစ်ယောက်မျက်နှာကို တစ်ယောက်မြင်ပြီးနိုးထခွင့်ရခဲ့ကြ၏။

တစ်ယောက် ကိုတစ်ယောက် တင်းကျပ်စွာပွေ့ဖက်ရင်း နွေးထွေးစွာပုဂံမြေရဲ့ကောင်းကင်ကြီးကိုမော့ကြည့်ခဲ့ကြသည်။

ဝသုန် ဤမြေ တိုင်တည်ခဲ့သည်Where stories live. Discover now