Ch5 -Part 25(Zawgyi)

429 39 0
                                    

နှင်းတို့တစ်ဖွဲဖွဲ ကျနေသည်။
အဖြူရောင် လွင်ပြင်ကျယ် သည်လွယ် မောင်းတစ်ရွာလုံးပင် ဖြစ်နေပြီ။

ရွာငယ် လေးသည်  နှင်းမှုန် များ၏ အောက် တွင်ပြားပြားဝပ် လျက် သူပြုဖွယ် ရှိသည်ကို ဝတ်တရားမပျက်ပြုနေ၏။
ရွာလမ်းမကျယ်ထက် တွင် လူ တို့ နည်းပါးလှသည်။
ဒီအချိန်သည် လုပ်ငန်းခွင် ဝင် ရန် အချိန်ပင်ဖြစ်လို့လား မသိပါ။
ကြည့်နေရင်း မှာပင် မိုးစက်မိုးပေါက် တို့ဖြန်းပက်လိုက်သလို နှင်းမြူတို့ ဖြန့်ကျဲ ကျလာပြန်၏။
ဒီနေရာ တွင် ပထ မဆုံးကျ သည့် First snow များလား။
ဒါမှ မဟုတ် ဒီရွာ လေးတွေ အမြဲတမ်း ကျနေတတ်သော နှင်းများပေလား မသိ။

"ကမ္ဘာ လောက ကြီး ခဏ ရပ်တန့်သွားသလို ပဲ...
ငါထင်တယ် မင်းနဲ့ ဆုံတိုင်းလဲ.... "

မဟူရာသည် ပြတင်းပေါက် မှာ မေးတင်ကာ အပြင်က မီးရောင် လျလျ နှင့် ရွာ ငယ်လေးကို ထိုင်ငေးနေမိတာကြောင့် ဖုန်းသံထွက်ပေါ်လာမှ သတိဝင်လာရသလိုဆတ်ခနဲ တုန်သွားရသည်။
ဒီဖုန်းသံဆိုရင်တော့ သေချာသည်က သူမ ရဲ့ နှလုံးသားထဲက မိန်းကလေး ပါပင်။
ထို မိန်းကလေး အတွက်ပဲ သက်သက်မဲ့ဒီအသံလေးကို ရွေးချယ်ထားခဲ့သည် မဟုတ်ပါလော။
Screen ကိုကြည့် မနေတော့ပဲ ဖုန်းကို ချက်ချင်းပင်ကောက်ကိုင်လိုက် တော့ ....

"ဟယ်လို.... "

တစ်ဖက်မှ ပန်းချီ့ရဲ့ ပျော်ရွှင် နွေးထွေးနေသံက ပီပီသသ ထွက်ပေါ်လို့လာ၏။
သူမ ပြုံးလိုက် မိပါသည်။
"မဟူ ရောက်ပြီလားဟင်... သက်တံ့ တို့ ကန္တာ တို့ရော အဆင်ပြေကြရဲ့လား.... "

အပြင်မှာ တောင်ယောင်ယမ်းပြီးခေါင်းညိမ့်လိုက်မိသလားမသိ။
ပန်းချီစိတ်ပူနေမည် ဆိုး တာကြောင့် ချက်ချင်းပင် ဖြေလိုက်၏။
"အင်းငါတို့ အခုတင် ရောက်တာ.... သူတို့ တော်တော် ပျော် နေကြတယ် ...... "

"အင်းပေါ့...
ငါဝမ်းသာလိုက်တာ သူတို့ အဆင်ပြေပြေ ရောက်သွားလို့....
အော် ဒါနဲ့ ငါ လဲ မနက်ဖြန် ဆို ရန်ကုန် ကနေ တက်လာခဲ့မယ်....
မေကြီးတို့လဲပါမှာဟ...
ဒါပေမဲ့ ငါ နဲ့ မောင်ပဲ ပင်လောင်းကို လိုက်လာမှာ... "

ပန်းချီရဲ့ ငါ နဲ့ မောင် ပဲ ပင်လောင်းကို လိုက်လာမယ် ဆိုသည့် စကားက သူ မ၏ နှလုံးသားကို အနာကျင်ရဆုံး အချိန် ရောက်တော့မည် ဖြစ်ကြောင်း သတိပေးလိုက်သလို ရှိ၏။
ပန်းချီ မင်္ဂလာဆောင်တော့မည် ပဲ။
မကြာခင် မှာ။
မကြာခင် အချိန် အတောအတွင်းမှာ သူမ၏ နှလုံးသား အပေါ်တည့်တည့်ကို အက်စစ် အပြည့်ဖြင့်လောင်းချတော့မည်ပဲ။

ဝသုန် ဤမြေ တိုင်တည်ခဲ့သည်Where stories live. Discover now