"သက်တံ့ ... သက်တံ့.... "
"အ အင်း... ကန္တာ... ငါလာပြီ ငါလာပြီ.... "
"သက်တံ့... ဘာဖြစ်တာလဲသက်တံ့...."
ဟင်!
မြူခိုးတွေသည် လွင့်ပျယ် သွား၏။
တောင်တန်း တွေလည်း ပျောက်ကွယ်ပြီ။
မိုးမခအိမ်နှင့်သစ်ပင် မှာလည်း ရေ၏ အရိပ်များအဖြစ်သာ တစ်လွင့်လွင့် ကွယ်ပျောက်သွားလေပြီ။
နာကျင် မှုတွေသည် ကွယ်ပျောက်ကာ နားထဲ မှ အသံတစ်ခုကို ပီပီသသ ကြားနေရ၏။သူ့ရဲ့ ပုခုံးကို အတင်းဆုပ်ကိုင်ကာ လှုပ်နှိုးလို့နေသည့် ကန္တာ့ အသံတို့ကို သေချာစွာကြားနေရပါသည်။
မောဟိုက်တင်းကျပ် လွန်းစွာ မျက်လုံးကို စုံဖွင့် ချရင်းကြည့်လိုက် မိတော့ မျက်နှာကျက်ပေါ်မှ မီးအိမ်ဝါကျင်ကျင်ဆီမှ အရောင်က ထွန်းလင်းတောက်ပစွာ ဝင်ရောက်လို့လာ၏။
ခန္တာကိုယ်တစ်ခုလုံး တွင် စေးကပ် နေသော ချွေးစေးပြစ်ပြစ် တွေကို ခံစားရပါသည်။အခုမှ ပင် မဲမှောင်နေသော ကမ္ဘာမှာ လင်းလက်လို့ သွားရကာ သူ့ကို စိုးရိမ်တကြီး စိုက်ကာ ကြည့်နေသည့်ကန္တာ့ရဲ့ မျက်ဝန်း နက်နက်တွေကိုလဲ မြင်ရတော့၏။
အပြင်မှရာသီဥတု ကတော့ အတိုင်းထက်အလွန်ကို အေးခဲလျှက်ပါပင်။ခေါင်းရင်းရှိ သစ်သားပြတင်းပေါက်ငယ် ဆီမှ တိုးဝှေ့နေသော လေအေးအေးနှင့် နှင်းမှုန်ဖြူဖြူတို့အား မှုန်ဝါးဝါးလှမ်းမြင်ရသည်။
ဒါသည် လက်ရှိ သူ နေထိုင် နေသော ကမ္ဘာဆိုတာ သေချာလှပါသည်။ဒါဆိုရင် ခုနက အိမ်မက်ပေါ့။
ကန္တာက သူ့ရဲ့ ဘေးမှာ ဘေးကင်းစွာရှိနေသည်ပေါ့။
အခုမှပင် အသက်ကို တစ်ဝကြီး ရှူသွင်းလိုက်ရင်းကန္တာ့ကို လွတ်ထွက်သွားမှာ ဆိုးသည့် အလား တင်းကျပ်စွာဖက် လို့ထားလိုက် မိတော့သည်။
ကန္တာကလဲ ချွေးစေးတွေပြန်ကာ တုန်ယင်နေသော သူ့ကို စိုးရိမ်တကြီးပြန်လည်၍ ဖက်ထားရင်းမှာ ကျောပြင် တို့အား ခပ်ဖွဖွ ပုတ်လို့နေ၏။"ဘာဖြစ်တာလဲ သက်တံ့ရယ်........
အိမ်မက်တွေမက်ပြန်ပြီလား... ""ဟင် သက်တံ့.... "
သူ့ရဲ့ ခန္တာကိုယ်တွေသည် တစ်ဆတ်ဆတ် တုန်ယင် လို့နေ၏။
မနှစ်မြို့လွန်းသော ခံစားချက်ကြီး ကြောင့် စိတ် တွေက ဆောက်တည် ရာ မရ ရောက်ယပ် ခတ်လို့ နေသည်။
ဖြစ်ပြန်ပြီပဲ။
မက်ပြန်ပြီပဲ ဟူ ၍ခံပြင်းလွန်းစွာ တွေးရင်း အံကိုကြိတ်ထားမိ၏။
သူသည် ကန္တာ့ ၏ ပုခုံးနှစ်ဖက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားရင်း ပင် ထပ်၍ ပျောက်ကွယ်သွားမှာ ဆိုးသည့်အလား ကြောက်လန့်တကြားကြည့် နေမိပါတော့သည်။
ČTEŠ
ဝသုန် ဤမြေ တိုင်တည်ခဲ့သည်
Teenfikceတစ်ခါတစ်လေကျရင် ကျွန်တော် တို့ အဝေးဆုံးမှာလို့ထင်ထားတဲ့ဆန့်ကျင်ဘက် အရာတွေ က အနီးဆုံးဖြစ်နေတတ်တယ်တဲ့.... အဲ့တာကို ကျွန်တော် အစက မယုံခဲ့ဘူး.. ဒါပေမဲ့ အဲ့ဒိစကားလေးဟာသိပ်ကိုမှန်ကန်ပါလားဆိုတာ ကျွန်တော် မကြာခင်က သိလိုက်ရတယ်.. အဲ့တာဘာလို့လဲဆိုရင် ကျွန်တော...