Ch3-Part 14(Unicode)

1.9K 149 15
                                    


"ငါလာပြီ ငါလာပြီ ငါလာပြီ... ငါလာပြီနော် ကန္တာ.... "

အိပ်နေရင်းမှာပင် ရုတ်တရပ် ဆိုသလို နားထဲ ကနေ အသံ တွေကိုကြားလိုက်ရတာကြောင့် မျက်လုံးတို့ ပွင့်လို့လာရ၏။
စူးရှတောက်လောင်နေသော မီးရောင် သည် မျက်လုံးနှစ်လုံးအားကျိန်းစက် စေသည်။
သို့ပေမဲ့ဘေးက လဲ တစ်ခုခုလှုပ်ရှားရုန်းကန်နေ တာကို ခံ စားလိုက်ရတာကြောင့် ထပ်အိပ်ချင်နေသေးသော်လည်း ကန္တာရ သည်အတင်းပင် ကုန်းရုန်းကာထလိုက်မိ တော့သည်။
အပြင်ဘက် တွင် ညရဲ့ အရောင်တို့ကသာကြီးစိုးထားလေပြီ။

"အ... "

Light truckမှာ တစ်နေကုန်စီးလာရတာကြောင့်လားမသိ။
ဆေးသောက်ပြီး အိပ်လိုက်တာ တောင် ကိုယ် တွေလက်တွေက မသယ်ချင်အောင် လေးပင်ကိုက်ခဲလို့ နေသည်။
ဖျားလဲဖျား ချင်နေပါပြီ။

"ငါလာပြီ... ငါလာပြီ ကန္တာ... "

"ဟင်... "

ဘေးမှ အသံ ထပ်ထွက်လာတာကြောင့် ကြည့်လိုက်မိတော့ သက်တံ့ က အိပ်နေရင်းနှင့် ပင် ခေါင်းကို ဘယ်ညာ စောင်းရင်း ငါလာပြီဆို တာကိုပဲထပ်ခါထပ်ခါပြောနေ၏။
ချွေးစေးတွေမှာလဲ ထွက်နေသည် မှာ မြင်၍ ပင် မကောင်းပါ။
တစ်စုံတစ်ခုအား အသည်းအသန်ရှာဖွေ နေ
ပုံ ၊ တစ်စုံတစ်ခု နှင့်ပတ်သတ်ပြီး အတင်းရုန်းကန် နေပုံပါပင်။

'ဘာဖြစ်လို့ပါလိမ့်...
ဟိုတစ်ခါ လိုအိမ်မက်ဆိုးတွေမက်ပြန်ပြီ ထင်တယ်... '
ကိုယ့်အတွေးနှင့်ကိုယ် ကြည့်နေရင်းပင် သက်တံ့ သည်အဆက်မပြတ်ပင် သူ့ နာမည်ကို ခေါ်ကာ လိုက်စမ်း နေသည်ကြောင့် အလွန်အမင်းကို စိတ်ပူလာရသည်။

'ဘာတွေများ ဖြစ်နေလို့လဲ သက်တံ့ရယ် ... '

သူသည် သက်တံ့ ရဲ့ ပုခုံးကိုအသာလေး လှုပ် နှိုးလိုက်ရင်း......

"သက်တံ့ သက်တံ့ ...
သက်တံ့ ငါရှိတယ် လေ ...
ဘာဖြစ်လို့လဲ.... သက်တံ့...
သက်တံ့..... "

သက်တံ့ နိုးမလာပါ။
သည်လို မျိုး အရင် သူ့ အိမ်ကို လာအိပ်စဥ်ကလဲ ဖြစ်ခဲ့ဘူး၏။
အခုအချိန်သည် နေရာ ဒေသသာ မတူညီပါသော်လည်း ထိုစဥ်ကကဲ့သို့ နှင့် တစ်ပုံစံ ထည်း တူလှသည် မှာ သေချာ ပေသည်။
အဲ့ဒိတုန်းက လဲ သူက ယခုကဲ့သို့ သက်တံ့ကိုအတင်း နှိုးခဲ့ရဘူး၏။

ဝသုန် ဤမြေ တိုင်တည်ခဲ့သည်Where stories live. Discover now