Ch5 -Part 22(Zawgyi)

521 38 0
                                    

ကားလေးတစ်စီး သည် ရန်ကုန် မန္တ လေး အဝေးပြေးလမ်းမကြီး ပေါ်တွင် လျင်မြန်စွာ ခုတ်မောင်း ပြေးလွှားလို့နေ၏။
မြူခိုး မြူငွေ့တွေ မှာ ယခုညခင်း အချိန်ကပင် ထို လမ်းအား လွှမ်းခြုံ ရစ်သိုင်းနေကြသည်။
လေ တွေ ကလဲတရကြမ်း တိုက်ခတ်လျက်ပင် အအေဓာတ်ကို ပိုတိုးနေ စေသယောင်ယောင် ရှိလှပေသည်။
ကားလေး မှာ လေတို့အားတိုးဝှေ့ရင်း  ဝှစ်ခနဲ ဝှစ်ခနဲ ပြေးလွှား လျှက်သာ သစ်ပင်ကြီး များ တောအုပ်ကြီးများကို နောက်ချန် ခဲ့ထား၏။

အဝေးပြေးလမ်းမ ကြီးရဲ့ ဘေးတစ်ဖက်တစ်ချက် ဆီတွင်တော့ နှစ်ချို့ သစ်ပင်ကြီး တွေများစွာနှင့်အတူ ယာခင်းလေးတွေ တဲအိမ်လေး တွေက မျက်စိလွှဲ ၍ မရလောက်အောင်  အစီအရီနေရာယူလို့နေကြသည်။
ညဘက်ဖြစ်တာကြောင့် သဲကွဲစွာ မမြင်ရပါသော်လည်း ကောင်းကင် ပေါ်ရှိ လရောင် ၏ အကူအညီ နှင့် တော့ အရှေ့ဘက်ဆီမှ တောင် တန်း တွေကိုလဲ ခပ်ရေးရေးမြင်နေရပါသည်။
မိုးပြာ ရောင် ကောင်းကင်နက်နက်ကို နောက်ခံပြု၍ တောက် ပနေသော ကြယ် လေးတွေ ကလဲ အစီအရီ နှင့်။

သူ့အရာနှင့်သူ လှပနေသော ထို ကောင်းကင်ပြာ  ကြီးရဲ့ အောက်တွင်တော့ ငွေမှင် ရောင်ကားကလေး က ပျော်ရွှင်စွာ ခုတ်မောင်းလျက်။
အနောက် တွင်ကျန် ရစ်ခဲ့သော တစ်နေရာ ဆီမှ ပျံသန်း ပြေးထွက်လျှက်ပါပင်။

ကားလေး၏ အထဲတွင်တော့ လူသုံးယောက်မှာ အခုမှပင် အသက်ကို ဝဝ ရှူနိုင်လျှက်
ပျော်ရွှင်စွာ စကား တွေပြောနေကြ၏။
သူတို့ ၏ ပုံပန်းအသွင်အပြင် တွေ မှာ လောကကြီး၏ အလှအပ တွေအား အခုအချိန်ကျမှ ခံ စားနိုင်ဟန် ပျော်တစ်ပြုံးပြုံးရှိလှပေသည်။
မောင်းသူ နေရာမှာ ထိုင်နေသော မိန်းကလေး သည် တစ်ချက် တစ်ချက် ကား အနောက်ခန်းကိုလှည့်ကြည့်ရင်း စကားတွေအား ဖောင်ဖွဲ့ကာ ပြောနေ၏။

"သက်တံ့ရာ ငါ့ဖြင့် မင်းမလာတော့ဘူးလို့ တောင် ထင်နေတာ... "

ထိုစကားကိုကြားတော့ အနောက်ခန်းမှာ ထိုင်နေသည့် သက်တံ့ဆိုသည့် ကောင်လေးမှာ သဘောတကျ ပြုံးလိုက် လေသည်။
သူကိုယ်တိုင် သည် ပင် အသက်ရှင် လျှက်  မလာ နိုင်တော့ဘူးဟူ၍ ထင်ခဲ့ သည် မဟုတ်ပါလား။
ပြန် တွေ့ ကြည့်တော့ စိတ်မောရသည်။
ထို့ကြောင့်ပင် ဘေးမှာ ထိုင်နေသော  ကန္တာ့ ရဲ့ လက်ကို တယုတယ ဆုပ်ကိုင်လိုက်ရင်း......

ဝသုန် ဤမြေ တိုင်တည်ခဲ့သည်Where stories live. Discover now