"ဟော လာကြပါပြီ.... "
၁၀နာရီထိုးခါနီးမှ အခန်း ထဲ ကနေ ထွက်လာကြသော သူနှင့်ကန္တာကို ကြည့်ရင်း မင်းခန့်နဲ့ မိုးဒီက Reception ကနေ မဲ့ရွဲ့ နေကြ၏။
အမှန်အတိုင်းပြော ရလျှင် သူတို့ နှစ်ယောက် အခုလို ဖြစ်တာလဲ မလွန်ပါ။
အကြောင်းမှာ သူနှင့် ကန္တာသည်Breakfast တောင်မှ လာ မစားပဲ အခုမှ အခန်းထဲ ကနေထွက်လာကြသည် မဟုတ်ပါလား။
အဲ့တာကလဲ သူ့ကြောင့်ပါပင်။
ကန္တာက အပြင်ထွက်မည် ဟုပြောသော်လည်း သူကတော့ကလေးတစ်ယောက်လိုသာကန္တာ့ကိုသီချင်းတစ်ပုဒ်ပြီးတစ်ပုဒ် ဆိုခိုင်းနေခြင်းကြောင့် ဖြစ်သည်။ထို သကောင့်သားနှစ်ဦး အိပ်တွေလာယူမှ သူက ရေချိုးလို့ပြီးတုန်း။
ကန္တာက ဆေးသောက်လို့ ပြီးတုန်းပင်။
သည်တော့လဲ မကြည်တော့ သည် မှာ မဆန်းပါ။
ကန္တာ နှင့်သူ နှစ်ယောက် ထဲ ရှိနေခြင်တာကြောင့် တမင် မထ ခြင်း ဖြစ်ကြောင်းကိုတော့ ကိုယ် တိုင်မှလွဲ၍ မည်သူမှ သိမည် မဟုတ်။ထိုင်ခုံမှာ ထိုင်ပြီး မျက်စောင်းတွေကြီးလှိမ့်ထိုးနေပါသော မင်းခန့်ကို သက်တံ့ လျှာသာ ထုတ်ပြလိုက်ရင်း ဆရာ ထွက် အလာကို သာ ထိုင်စောင့်နေလိုက်တော့သည်။
သိပ်ကြာကြာမစောင့်လိုက်ရ။
မနေ့ညကလို ပင် ကာတွန်းရုပ်စုံပါတဲ့ jj ဘောင်းဘီ ပွပွကြီးကို ဝတ်လျက် ဆရာ ဦးထိန်ဝင်းတစ်ယောက် သုတ်သုတ်သုတ်သုတ်ထွက် လို့လာ၏။
အနောက်မှာတော့ တည်ကြည်သော ကိန္ဒေနြှင့် အတူ ဆရာ မကြီး ဒေါ်ချယ်ရီမိုးနှင့် ဆရာ မ ဒေါ် သင်းသင်းကြွယ် ။
နောက်ဆုံးမှာမှ ဆရာ ဦးမြတ်စိုးက ရုပ်ရှင်မင်းသားတွေလိုပင် မျက်မှန်တပ်ကာ စတိုင်ဖမ်း၍ အေးအေးလူလူလျှောက်လာလေသည်။
ဆရာဦးမြတ်စိုးက ကျောင်းတွင် အနေကျုံ့သလောက် ယခုလို ခရီးထွက်တော့ ဝတ်စားဆင်ယင်မှု မှာ မင်းသားပင် ရှုံးသည်ကို အံ့ဩဖွယ် သိရ၏။သို့ပေမဲ့လည်း ဘယ်လိုပဲ ဆရာဦးမြတ်စိုး စတိုင်လ် ဖမ်းဖမ်း ပိုပြီး သူတို့ ရဲ့ အမြင် တွေကို ဖမ်းစားနေနိုင်တာ ကတော့ ဖျင်ကြမ်း အင်္ကျီနှင့် Jj ဘောင်းဘီကြီးဝတ်ထားသော ဆရာ ဦးထိန်ဝင်းပင်မဟုတ်ပါလား။
YOU ARE READING
ဝသုန် ဤမြေ တိုင်တည်ခဲ့သည်
Teen Fictionတစ်ခါတစ်လေကျရင် ကျွန်တော် တို့ အဝေးဆုံးမှာလို့ထင်ထားတဲ့ဆန့်ကျင်ဘက် အရာတွေ က အနီးဆုံးဖြစ်နေတတ်တယ်တဲ့.... အဲ့တာကို ကျွန်တော် အစက မယုံခဲ့ဘူး.. ဒါပေမဲ့ အဲ့ဒိစကားလေးဟာသိပ်ကိုမှန်ကန်ပါလားဆိုတာ ကျွန်တော် မကြာခင်က သိလိုက်ရတယ်.. အဲ့တာဘာလို့လဲဆိုရင် ကျွန်တော...