Ch3-Part 15(Unicode)S*C*

2K 138 15
                                    

ညသည်တိတ်ဆိတ်လျက် အေးချမ်းလှပနေ၏။

အထက်ကောင်းကင် တစ်ခွင်တွင်တော့ ကြယ်အစု အဝေးလေးတွေနှင့် အတူ လခြမ်းလေးက ပနံရ လှပစွာ ရှိလို့နေကြ လေ‌သည်။
အပြာရောင်ကောင်းကင်ကျယ်မှ ဝေ့တန်းကာထွက်လာသော အဖြူရောင်အခိုးအငွေ့ တွေသည် နဂါး ကြီး တစ် ကောင် ရစ်ပတ်ခွေလိမ်နေသလိုပါပင်။
လေကလေး ကလဲ တငြိမ့်ငြိမ့်နှင့် ငြင်သာစွာတိုက်ခတ်လျက်ရှိနေပါသည်။

တစ်နေကုန် ပူထားသော်လည်း ညဘက် ကျတော့ အညာလေလေးက မထင်မှတ် ထားရအောင်ကို အေးချမ်း လို့နေသည်။
တစ်ခါလတစ်လေ ကျတော့လဲ အစပိုင်းပူပြီး နောက်ပိုင်း အေးသွားတတ်သည့် လေ ပူလေးတွေ တော့ ပါလာတတ်၏။
ထို လေတွေသည် တောပေါင်း တောင်ပေါင်း မြောက်မြားစွာ နှင့် ထောင်သောင်းမကသောတိုက်တာအဆောက်အဦးတွေအား ဖြတ်ကျော်ခဲ့ပေလိမ့်မည်။
မြေနံ့ ခပ်ငွေ့ငွေ့ကို ခံစားရ၏။
သက်တံ့သည်  အသက်ကို တစ်ဝကြီးရှူသွင်းလိုက်ကာ တည်းခိုခန်းအရှေ့မှ ဘုရားလေးတစ်ဆူကို အကြောင်းမဲ့ ငေးမောလို့နေမိသည်။

ဝါထိန်ထိန် မီးလေးတစ်ပွင့်သာ ပူဇော်ထားသော ဘုရားသည်ပုဂံမြေ ပေါ်တွင် သေးငယ်နေသော်လည်း ခန့်ထည် စွာတည်ရှိ၏။
ဘုရားဆီမှ အရိပ် ငယ်သည် မြေပြင် သို့ ခပ်စောင်းစောင်း အနေအထားနှင့် ဆင်းသက် တည်ငြိမ် နေသည်။
ညရဲ့ တည်ကြည် လေးနက်သော အမှောင် ထုနှင့် အတူ ပြည့်ဝ လှသော အဓိပ္ပာယ် တစ်မျိုးကိုဆောင်ယူနေသလိုပါတည်း။
မဲမှောင်နေပါသော်လည်း သူတို့တည်းခိုခန်း မီးကြောင့် ဘုရားလေးကိုတော့ ကောင်းမွန်စွာဖူးမြင်နေရပါသည်။
ဘုရားအမှတ်ပဲ ရေးထားတာကိုတွေ့ပြီး ဘွဲ့နာမည် တော့ မတွေ့ရပါ။
မည်သူ တည်ခဲ့သည့် ဘုရားမှန်းလဲ မသိရ။ 

"သက်တံ့.... "

"ဟင်... "

အကြောင်းမဲ့ တွေးနေမိခိုက် အနောက်မှ လေသံ နွေးနွေးနှင့် သူ့ကိုခေါ်သံကြားလိုက်ရတာကြောင့် သဘောကျစွာပြုံးမိရသည်။
အနောက်ကိုလှည့်မကြည့်သော်လည်း အသံလေးကြားလိုက်တာနှင့် ဘယ်သူမှန်း သိနေပါသည်။
သူ့ရဲ့ နှလုံးသားက ထခုန်တာကြောင့်ပင်။

ဝသုန် ဤမြေ တိုင်တည်ခဲ့သည်Where stories live. Discover now