Ch2-Part 10(Unicode)

2.3K 184 18
                                    

နောက်ဆုံးတော့။
နောက်ဆုံးတော့ ။

ပုဂံမြေပေါ်ကို ခြေချခဲ့ပါပြီ။

နီညို ရောင် မြေ မှုန့်လေးတွေက ကား အောက်ကို ဆင်းလာသော သူ့ရဲ့ ခြေထောက်အစုံကို ချဥ်းကပ် လို့လာသည်။
တမာ နံ့ သင်းသင်း က လဲနှာ ခေါင်း ဝကို အမှန်တကယ် ကလူ ကျီစယ်လို့ နေ‌လေပြီ။
မြူခိုး မြူငွေ့ တို့က တဝေ့ ဝေ့နှင့် အဝေး ဆီ မှ ဘုရား တွေအား မြင်ရသည်။

မနက် ဝေလီ ဝေလင်းဖြစ်တာကြောင့် အဝေးပြေး ကားဝန်း အတွင်း မှကြည့်လျှင် အပြင်ကို ခပ်ရေးရေးပဲ လှမ်းမြင်ရသေး၏။
မှိုင်းညို့ ပြာလွင်သော မြူနှင်းတို့ရဲ့အောက် တွင် နီညိုရောင်ဘုရားတွေသည် မှေးမှိန် မှုန်ဝါးလျှက်ပင်ရှိနေပါသေးသည်။

သူတို့ ဆင်း လာတာကို မြင်သည်နှင့် ကားစင်းလုံးငှားတဲ့ လူတွေ မြင်းလှည်းမောင်းတဲ့ လူတွေက အနားကို ချဥ်းကပ်လို့ လာပြီး Hotel အထိ လိုက်ပို့ ပေးရမလားဟု မေးကာ ဆူညံ နေကြသည်။
သနပ်ခါး ပါးကွက်ကြားများနှင့် ညိုမောင်း သန်မာလှသော ကလေးငယ်လေးများကလဲ ချစ်စဖွယ် စုအုံကာ ဝိုင်းနေကြပါ၏။
သူတို့ကားနှစ်စီးအပြင် နောက်ထပ် ကားတစ်စီး လောက်ထပ်ဝင်လာတော့ ပိုပြီး တော့ ဆူညံ ပွက်လောရိုက်လို့ သွားသည်။

အထုတ် ချသူက ချ ကားငှားသူက ငှားနှင့် အဝေးပြေးကားဝန်း ကြီးက အသက်ဝင်လို့ နေပါ တော့သည်။

ထိုစဥ်မှာပင် ကား ဆရာတစ်ယောက် နှင့် စျေးညှိနေသော ဆရာ ဦးမြတ်စိုးက သူ တို့ကို လက်ပြရင်းလှမ်းခေါ်နေ၏။
သက်တံ့ ဆက်မကြည့် နေတော့ပဲ ကန္တာ့လက်ကိုတွဲကာသာ ဆရာ့ဆီကိုလျှောက်သွားလိုက်တော့သည်။
သူတို့လိုပင် ကျန်တဲ့ လူတွေကလဲ ကိုယ့်အိတ်တွေကို ဆွဲကာ ဆရာ့နားကို တဖြေးဖြေး တိုးကပ် လာကြ၏။
ဆရာက လူစုံ သလောက် ရှိသည် နှင့် အကုန်လုံးကို တစ်ချက်မျှ ဝေ့ကြည့်လိုက်ရင်း....

"လူစုံပြီလား.... "

"ဟုတ်ကဲ့ စုံပါပြီ ဆရာ..."

အားလုံးပြိုင် တူ ဖြေလိုက်ကြသည်။
ဆရာက ခေါင်းကိုညိမ့်ပြ ပြီးဆရာမကြီး ဒေါ်ချယ်ရီမိုး ဘက်ကို လှည့်ကာ "ရပြီ" ဟူ၍ ပြောလေသည်။
ဆရာမကြီးသည် လျှောကျနေပြီ ဖြစ်သော ပုဝါလေးကို ပိုတိုး လို့ ပတ်လိုက်ရင်း သူတို့ကို ချိုကြည်လန်းဆန်းစွာ စကားဆို၏။

ဝသုန် ဤမြေ တိုင်တည်ခဲ့သည်Where stories live. Discover now