Ch3-Part 13(Unicode)

2K 159 10
                                    

"ကန္တာရယ်.... "

သူ ကန္တာ့ ကို တင်းကျပ်စွာပွေ့ဖက်ထားလိုက် မိတော့သည်။
အခု အချိန် တွင် ဘုရား လေးရဲ့ ဘေးနား တစ်ဝိုက်တွင် တိုက်ခိုက် နေသော တမာနံ့သင်းသည့် လေပြေညှင်းနုနုလေ တွေက တောင် သူ့ရဲ့ စိတ်ကို လွင့်ပါသွားအောင်မလုပ်နိုင်အားပါ။
ကန္တာ ပြောခဲ့တဲ့ စကား တွေက သူ့အတွက် အရာအားလုံးကို ဖြတ်ကျော်နိုင်အောင် စွမ်းဆောင်နိုင်သည်ပင်။
နှလုံးသားက အလွန်နွေးထွေး နေ၏။
ပျော်ရွှင်စွာ အော်ဟစ် ခုန်ပေါက် နေပါတော့သည်။

"ဘယ်ဘဝ ရောက်ရောက် စောင့်ကြိုနေမယ် တဲ့လား...
မင်းကိုမြတ်နိုးနေမယ်"တဲ့လား...

ဒီစကား တွေ နဲ့တင် အခုချက်ချင်းသေမယ် ဆိုရင် သေလို့ ရလောက်ပါပြီ။
ပျော်ပျော်ကြီး သေပြစ် လိုက် နိုင်သည်။
သည်စကားလေးများကြောင့်သူသည် အရှေ့ကိုဆက်၍ လျှောက်လှမ်း နိုင်ပြီ။
အခက်အခဲ များကို တစ်ချက် မမှုပဲ ဖြတ် ကျော် နိုင်ပါပြီ။

'ကန္တာ .... မင်းသာ ငါ့ဘေးမှာရှိနေရင် ငါအရာရာကို ဖြတ်ကျော်နိုင်ပြီ....
မင်းကိုသိပ်မြတ်နိုးတယ်.... '

သူသည် ကန္တာ့ ကိုပိုတိုးလို့ ဖက်ထားလိုက် မိ ၏။
ကန္တာကလဲ သူ့ကို တင်း ကျပ်စွာ ပြန် လည် ပွေ့ဖက် လို့ထားသည်။
နှလုံးသားနှစ်ခုက အနီးဆုံး နေရာ အကွာ အဝေးတစ်ခုမှာပျော်ရွှင်စွာခုန်ပေါက်လို့ နေကြသည်ပင်။

သည်အခိုက်အတန့် လေးကို မမေ့ရပ် နိုင်အား။
အချိန် တွေအား မကုန်လွန်စေနိုင်အားပါ။

ခဏကြာ တော့ ကန္တာက ဖက်ထားရာမှ ခဏ ခွာပြီး သူ့ ရဲ့ လက် တွေ
ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။

"သက်တံ့... ငါပြောတဲ့ စကားကိုသေချာနားထောင်နော်...
မင်း မဟူကို ဖုန်းဆက်လိုက်ပါ....ပြီးရင် ပြောလိုက်ပါ ... ဘာမှ မလုပ်နဲ့ဦးလို့ ငါတို့ ပြန်လာမှ အကောင်းဆုံးကို တိုင်ပင်ကြမယ်လို့... ငြင်းလဲ မငြင်းနဲ့ဦးလို့... "

ထို စကား ကြောင့် အလို မကျစွာ မျက်မှောင် ကျုံ့မိတော့ကန္တာ က ခဏလေးပါဆိုသည့် ပုံစံနှင့် လက်ကာပြလိုက်ရင်း ဆက်ပြော၏။

ဝသုန် ဤမြေ တိုင်တည်ခဲ့သည်Wo Geschichten leben. Entdecke jetzt