Ch2-Part 6(Unicode)S*C*

3.5K 264 66
                                    

"တောက်!!"

အခန်းထဲ ရောက်သည်နှင့် ကြမ်းပြင်ပေါ်တွင်ပင် ခြေပြစ်လက်ပြစ် ထိုင်ချလိုက်မိသည်။
မနေ့က သက်တံ့နဲ့အတူတူရှိခဲ့သော အခန်းလေး က အရာရာ ပြည့်စုံနေ ခဲ့သလောက် ဒီနေ့ကတော့ အကျည်တန်လွန်းလှသည်ပဲ။

သူသည် ဒေါသထွက်ထွက်နှင့် အင်္ကျီ ကြယ်သီးတွေကိုဆွဲဖြုတ်လိုက်ကာ လှဲချလိုက်၏။
နာကျင်မှုတွေ။
မွန်းကြပ်ပိတ်လှောင်မှုတွေကသူ့ထံကို တစ်သီတစ်သန်းကြီး ဝင် ရောက်လို့လာသည်။
ရင်ဘတ်ထဲမှာခံစားမိတာက အဆမတန် စို့နင့် နေခြင်း ။

"ကျွီ... "
ခြံတံခါးပိတ်သံကြားလိုက်ရတာကြောင့် ပြတင်းပေါက်ကို သွား ကြည့်လိုက်မိတော့ ခြံ ထဲက ကားတစ်စီးအပြင်ကိုထွက်သွားတာကိုတွေ့လိုက်ရ၏။
ထိုကားပေါ် တွင် အမျိုးသမီးတစ်ဦးကကျင်လည်စွာ မောင်းထွက်သွားသည်ကို ခပ်ရေးရေး မြင်ရသည်။
ထုံးစံအတိုင်း မာမီ အပြင်ထွက်သွားပြန်ပြီပဲ။

"ဟားဟားဟား !!!... အဟားဟားဟား!!!..."

မျက်လုံးစုံမှိတ်ကာ သူ အရူးတစ်ယောက်လိုပင် အကျယ်ကြီးအော်ရယ် မိတော့သည်။
ဒီလိုအခြေအနေမှာသူမှမရူးရင် ဘယ်သူကရူးမည်လဲ။
ကန္တာရ ဆိုသည့် ဒီလူ မှ မရူးလျှင် ဘယ်သူက ရူးရဦးမည် လဲ။

ရုတ်တရပ်ဆိုသလို ခြံထဲ ရှိ သစ္စာပန်းတွေက သူ့မျက်လုံးထဲကို ကန့်လန့်ကြီး ဝင် လာကြသည်။
အရင်တုန်း က ဒီပန်းခင်းရှေ့မှာ သူတို့မိသားစုသုံးယောက် ထမင်းစားခဲ့တာတွေပြေးလွှားဆော့ကစားခဲ့တာတွေက
တစ်ဖန် ပြန်လည် ၍ အသိဥာဏ် တွေထဲကို အလိုက်ကန်းဆိုးမသိစွာတိုးဝင်လာ၏။
မာမီ့ရဲ့အပြုံးများကို မြင်ရသည်။
သူ့အပေါ်ထား တဲ့ ချစ်ခြင်းတွေကို ပြန်မြင် ရစေသည်။

သူ့ရဲ့ မျက်ဝန်းမှ မျက်ရည် တွေ အတားအဆီးမဲ့စွာကျဆင်းလို့လာ၏။
နှုတ်ခမ်းတို့ တွင် နာကျည်းစွာ မဲ့ပြုံး တို့ ဖြစ်ထွန်းလာကြ ကုန်သည်။

"မကြည့်ချင်ဘူး!!!! "

"မင်းတို့ကိုငါမမြင်ချင်ဘူး!!!!""

"ထွက်သွား!!!! "

"ငါ့မျက်စိရှေ့ကနေ ထွက်သွားကြစမ်းပါကွာ!!!!! "

ဝသုန် ဤမြေ တိုင်တည်ခဲ့သည်Where stories live. Discover now