"ကြယ်. ကြယ့် ကိုမ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်... ကြယ်နားထောင်မယ်မလား....
"အင်းပြောလေမရဲ့ ...ဘာပုံပြင်လဲဟင်..."
"အမြဲတမ်းပူပြင်းခြောက်ကပ်ပြီး အထီးကျန်နေတဲ့ ကန္တာရလေးတစ်ခုနဲ့ သူ့ကို အရမ်းချစ်မြတ်နိုးရှာ တဲ့ သက်တံ့လေးတစ်စင်းအကြောင်းပေါ့... "
"ဟင် မကလဲ ကန္တာရနဲ့ သက်တံ့ဆိုတာဒီလောက်အဝေးကြီးမှာ မဟုတ်လား....ကြယ်ကြားဘူးတာ ကန္တာရ မှာ မိုးရွာဖို့တောင် တစ်နှစ်လောက်ကြာတယ်တဲ့...
သက်တံ့ ထွက်လာဖို့ဆိုရင် ဒီထက်မကတောင်ကြာတာ ကို
ပုံပြင်တစ်ပုဒ်ဖြစ်နိုင်ပါ့မလား... "တွေးတွေးစစနဲ့ပြောလာတဲ့ ကြယ့်စကားကြောင့် သူမသည် နာနာကျင်ကျင် ကိုပြုံးမိရသည်...
ခေါင်းကိုဖြည်းငြင်းစွာခါရမ်းလိုက်ပြီး..."ဖြစ်နိုင်တာပေါ့ ကြယ်ရယ် တစ်ခါတစ်လေ ကျရင် အဝေးဆုံးလို့ ထင်တဲ့အရာတွေ ကအနီးဆုံးဖြစ်နေတတ်တယ်လေ..."
သူမပြောတာကို နားမလည်ဟန်နှင့် ကြယ် က မျက်မှောင်လေးကို ကျုုံ့ကာ ထပ်မေးလာပြန်ပါသည်။
"မ ပြောချင်တာကို ကြယ် သိပ်နားမလည်ဘူး... "
"အင်းကြယ် ဒီပုံပြင် လေးကို သေချာနားထောင်ပြီးရင် နားလည်လာမှာပါ..."
"ဟုတ် အဲ့တာဆို ရင် ပုံပြင်လေးနာမည်ကဘာတဲ့ လဲဟင်... "
တွေးတွေးစစနဲ့ မေးလာတဲ့ ကြယ့်ရဲ့ မျက်ဝန်းနက်နက်လေးတွေကို စိုက်ကြည့်မိတော့ အကာအရံမဲ့တဲ့ မျက်ရည် တစ်စက်ကအလိုက်မသိစွာနဲ့ ကျဆင်းလို့လာ၏။....
အံကိုကြိတ်ကာမိုးစက်မိုးပေါက်တွေနဲ့ မှိုင်းညို့ နေတဲ့ ကောင်းကင်ပြင်ကြီးကို ကြည့် လိုက်ရင်း ကပင်။
"အဲ့ဒိပုံပြင်လေးရဲ့နာမည် က
"ဝသုန်ဤမြေ တိုင်တည် ခဲ့သည်" တဲ့
တဲ့..................."
........................................................................
明
SunMoon
Song name:Until the World Ends(Soundtrack Of ဝသုန် )
YOU ARE READING
ဝသုန် ဤမြေ တိုင်တည်ခဲ့သည်
Teen Fictionတစ်ခါတစ်လေကျရင် ကျွန်တော် တို့ အဝေးဆုံးမှာလို့ထင်ထားတဲ့ဆန့်ကျင်ဘက် အရာတွေ က အနီးဆုံးဖြစ်နေတတ်တယ်တဲ့.... အဲ့တာကို ကျွန်တော် အစက မယုံခဲ့ဘူး.. ဒါပေမဲ့ အဲ့ဒိစကားလေးဟာသိပ်ကိုမှန်ကန်ပါလားဆိုတာ ကျွန်တော် မကြာခင်က သိလိုက်ရတယ်.. အဲ့တာဘာလို့လဲဆိုရင် ကျွန်တော...