Ch5-Part 24(Unicode)S*C*

1.8K 135 48
                                    

ရောက်ခဲ့ပေပြီ။
နောက်ဆုံးတော့ ပန်းတိုင် ကို ရောက်ခဲ့ပေပြီ။

ပင်လောင်းမြို့
ပင်လယ် ရေမျက်နှာပြင် အထက် ၄၀၀၀

ဆိုသာ မုခ် တိုင်ကြီးကိုတွေ့တော့မှပင် သက်တံ့ သည် အသက်ကို ဝဝ ရှူ နိုင် ပါတော့သည်။
ဝမ်းသာ လွန်းစွာ ပင် ကန္တာ့ လက်ကို ဆုပ်ကိုင်မိတော့ကန္တာကလဲ သူ့လက်တွေကို နွေးထွေးစွာ အုပ်မိုးဆုပ်ကိုင်လာခဲ့သည်။
အပျော်လွန်ကာ မျက်ရည် ပင်ကျချင်နေသောကိုယ့်ကိုကို မနည်းကို ထိန်းချုပ် နေရ၏။
ဘေးပတ်ပတ်လည်ကိုကြည့်မိတော့ မှိုင်းညို့ ဝေသီ နေသော မြူခိုးမြူငွေ့တွေက သူတို့ရဲ့ကားအောက်မှနေ ဖြတ်သန်းသွားကြသလို ပါတည်း။
တိမ်တွေက သူတို့ရဲ့ အောက်တွင် ရှိကာ တိမ်ပင်လယ် အဖြစ် နှင့် ခရီးထွက် နေကြသည်။
တစ်မျှော် တစ်ခေါ်ပတ်ပတ်လည် ဝန်းရံ နေသော တောင်တန်းကြီး တွေအားမြင်နေရသည်။
သူတို့ကို ကောင်းကင် ထက်မှ နေ၍ အုပ်မိုးနေသကဲ့ သို့ ရှိ၏။

အရှေ့တည့်တည့်တွင်တော့ မီးခိုးငွေ့တလူလူနှင့် အပြာရောင်သန်းကာ ‌အေးခဲလှပ လို့နေသော ပင်လောင်းမြို့လေးက သူတို့ကို ကမ်းလင့်ဆီးကြို လျှက်သာ။
မျက်စိတစ်ဆုံးပင် ကျယ်ပြန့်ကာ မှိုင်းညို့ စိမ်းသက် နေသည့် တောင်တန်း များနှင့် အိမ်ကလေးများကို ဟို တစ်ကွက် သည်တစ်ကွက် တည် ဆောက် ထားသော အပြာရောင် မြို့ငယ် လေးမှာ အလွန်တစ်ရာ မှ လိုက်ဖက်လှ၏။
တစ်ခါ မျှ မရောက်ခဲ့ဘူးသော်လည်း ကြားတော့ ကြားခဲ့ဘူးသည် မှာ ပင်လောင်းသည် နတ်ဖွက် ထားသော မြို့ကလေးတဲ့။
အစက တော့ ဒီလောက် ဟုတ်ပါ့မလားဟု တွေးမိပါသော်လည်း အခုတော့ ယုံရပေပြီ။

အေးချမ်းလိုက်သည် ဖြစ်ခြင်း။
လှပလိုက်သည် ဖြစ်ခြင်း။

ကန္တာက ကားမှန်တံခါးကို ခပ်မြန်မြန်ဖွင့်လိုက်တော့ အေးစက်နေသော လေငွေ့နှင့် အတူ မြူ တွေက ကားထဲ အထိပါ ဝင်ရောက်လို့လာ ကြ သည်။
ပတ်ဝန်းကျင် ရှိ ထင်းရှူးပင် တို့ ရဲ့ ရနံ့နှင့်
မြို့လေးဆီမှ မွှေးပျံ့ သော ‌မီးခိုး နံ့လေးကပါ နှာခေါင်းဝကို ကလူကြည်စယ် နေသယောင်တည်း။

ဝသုန် ဤမြေ တိုင်တည်ခဲ့သည်Where stories live. Discover now