Prologue-Zawgyi

4K 163 1
                                    

"ကြယ်. ကြယ့် ကိုမ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်... ကြယ်နားထောင်မယ်မလား....

"အင်းပြောလေမရဲ့ ...ဘာပုံပြင်လဲဟင်..."

"အမြဲတမ်းပူပြင်းခြောက်ကပ်ပြီး အထီးကျန်နေတဲ့ ကန္တာရလေးတစ်ခုနဲ့ သူ့ကို အရမ်းချစ်မြတ်နိုးရှာ တဲ့ သက်တံ့လေးတစ်စင်းအကြောင်းပေါ့... "

"ဟင် မကလဲ ကန္တာရနဲ့ သက်တံ့ဆိုတာဒီလောက်အဝေးကြီးမှာ မဟုတ်လား....ကြယ်ကြားဘူးတာ ကန္တာရ မှာ မိုးရွာဖို့တောင် တစ်နှစ်လောက်ကြာတယ်တဲ့...
သက်တံ့ ထွက်လာဖို့ဆိုရင် ဒီထက်မကတောင်ကြာတာ ကို
ပုံပြင်တစ်ပုဒ်ဖြစ်နိုင်ပါ့မလား... "

တွေးတွေးစစနဲ့ပြောလာတဲ့ ကြယ့်စကားကြောင့် သူမသည် နာနာကျင်ကျင် ကိုပြုံးမိရသည်...
ခေါင်းကိုဖြည်းငြင်းစွာခါရမ်းလိုက်ပြီး...

"ဖြစ်နိုင်တာပေါ့ ကြယ်ရယ် တစ်ခါတစ်လေ ကျရင် အဝေးဆုံးလို့ ထင်တဲ့အရာတွေ ကအနီးဆုံးဖြစ်နေတတ်တယ်လေ..."

သူမပြောတာကို နားမလည်ဟန်နှင့် ကြယ် က မျက်မှောင်လေးကို ကျုံ့ကာ ထပ်မေးလာပြန်ပါသည်။

"မ ပြောချင်တာကို ကြယ် သိပ်နားမလည်ဘူး... "

"အင်းကြယ် ဒီပုံပြင် လေးကို သေချာနားထောင်ပြီးရင် နားလည်လာမှာပါ..."

"ဟုတ် အဲ့တာဆို ရင် ပုံပြင်လေးနာမည်ကဘာတဲ့ လဲဟင်... "

တွေးတွေးစစနဲ့ မေးလာတဲ့ ကြယ့်ရဲ့ မျက်ဝန်းနက်နက်လေးတွေကို စိုက်ကြည့်မိတော့ အကာအရံမဲ့တဲ့ မျက်ရည် တစ်စက်ကအလိုက်မသိစွာနဲ့ ကျဆင်းလို့လာ၏။....

အံကိုကြိတ်ကာမိုးစက်မိုးပေါက်တွေနဲ့ မှိုင်းညို့ နေတဲ့ ကောင်းကင်ပြင်ကြီးကို ကြည့် လိုက်ရင်း ကပင်။

"အဲ့ဒိပုံပြင်လေးရဲ့နာမည် က

"ဝသုန်ဤမြေ တိုင်တည် ခဲ့သည်" တဲ့

တဲ့..................."
........................................................................

SunMoon


Song name: Until the World Ends(Soundtrack of ဝသုန်)

ဝသုန် ဤမြေ တိုင်တည်ခဲ့သည်Where stories live. Discover now