Ch1-Part 3(Unicode)S*C*

5.8K 380 9
                                    


"ဟယ်လို "

လေလှိုင်းထဲကနေ ကန္တာ့ရဲ့ အသံအေးအေး လေးထွက်ပေါ်လို့လာ၏။
ထိုအသံလေးကို ကြားလိုက်မှ ပင် ပူလောင်နေသော သူ့ရဲ့ အရင် အစုံသည် အေးချမ်းလို့သွားရသည်။
ပျော်ရွှင်သွားကြပါသည်။
မတွေ့ရတာ ဘယ် လောက်မှ မကြာသေးပေမဲ့ "မင်းကိုအရမ်းလွမ်းတယ်ကန္တာရယ်" လို့ ပြောချင်လိုက်သည် ဖြစ်ခြင်း။
ပင်ပန်းနေတဲ့ မင်းကိုဖက်ထားချင်လိုက်သည် ဖြစ်ခြင်း။
'အခု ငါခံစားနေရတာတွေကို မင်းမှသိရဲ့လားကွာ...... '

"ဟယ်လို သက်တံ့... သက်တံ့ ကြားလား..."

သူ မကြားဘူးလို့ ထင်သွားလား မသိပါ။ အသံ လေးထပ်ထွက်လာတော့မှပင်နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ပြီး...

"ကြားပါတယ် ....မင်းအသံက နားထောင်လို့ကောင်းလို့ နားထောင်နေတာ ... "

တစ်ဖက်မှ ရယ်သံ လေး ကိုကြားလိုက်ရ၏။ သူပြောတာကိုသဘောကျသွားသည် ထင်ရဲ့လေ။

"ဟီး မင်းကတော့လေ ငါ့ကိုဆိုရင် မြှောက်နေတော့တာပဲနော် မနက်ကလိုတော့ မစတော့ဘူး မင်းစိတ်ဆိုးမှာဆိုးလို့... အော် ဒါထက် မင်း စောနက ဘာလို့ ဟွန်းတွေ စွတ်တီးနေတာလဲ... ငါ တောင် လန့် သွားတာ ....."

"အော် ခြံတံခါးကြီးပိတ်ထားလို့ပါ...ဘာမှမဖြစ်ဘူး... အဲ့တာ တွေအသာထားပါ ငါ မင်းကိုမေးစရာရှိတယ် ကန္တာ ..."

"အင်းမေးလေ .... "

"အဲ့တာက ဒီလို မေးလို့မဖြစ်ဘူး ငါ မျက်နှာချင်း ဆိုင်တွေ့ပြီးမှမေးချင်တယ် ..."

တစ်ဖက် မှ ချက်ချင်း အသံတိတ်သွားသည်။ သူဘာမေးမလဲဆိုတာကန္တာ တွေးနေပုံရပါသည်။
အတန်ကြာမှ သက်ပြင်းချသံသဲ့သဲ့ ကြားရပြီး......

"မင်းမေးမှာက မနက်က ငါကားပေါ်မှာ ပြောတဲ့အကြောင်းလား သက်တံ့... "

"အင်း.... "

"ကဲပါအဲ့တာဆိုရင်လဲ ဒီည မင်းငါ့အိမ်မှာလာအိပ်လေကွာ...မင်းမလာတာလဲကြာပြီပဲ ...မာမီက မင်းကိုတောင်မေးနေပါသေးတယ်... "

"အေးလေ ဒါဆိုလဲ ငါ မင်းအိမ်မှာလာအိပ်ရင်းနဲ့ ငါတို့ စကားပြောကြတာပေါ့ ... "

ဝသုန် ဤမြေ တိုင်တည်ခဲ့သည်Hikayelerin yaşadığı yer. Şimdi keşfedin