Ch1-Part 4(Unicode)

4.4K 303 26
                                    

"ကန္တာ !!!!ဘယ်မှာလဲ ကန္တာ!!! ကန္တာ ကန္တာ..."

"သက်တံ့!! သက်တံ့ သတိထားဦး သက်တံ့ ငါရှိတယ် လေ .... သက်တံ့!!! "

"ဟင် ဟင် ... "

အလန့်တကြားနဲ့ သူ့ကိုလှုပ်နှိုးသံ တွေ ကြောင့် တုန်ယင် နေသော မျက်လုံးတွေကိုအားယူဖွင့် ကြည့် လိုက် မိသည်။
မြင်ကွင်းထဲမှာပေါ်လာတာက မှုန်ပြ သောအလင်း‌ရောင်ဖျော့ဖျော့နဲ့အတူ စိတ်ပူ နေသောကန္တာ့ ရဲ့ မျက်နှာ ပါပင်။

'ဟင် သူ အိမ်မက်မက်နေတာပါလား။
ကန္တာ ကန္တာ သူ့ဘေးမှာ ရှိနေပါလား။
ဒါဆို ခုနက ဟာတွေအကုန်လုံးက အိမ်မက် တွေပေါ့...'

"ဘုရားဘုရား....... "

သက်တံ့ ဘုရားသာတလိုက်မိပြီး ကန္တာ့ ကို လွတ်ထွက်သွားမှာဆိုးသည့် အလား ဖက်ထားလိုက်ပါသည်။
ရုတ်တရပ်မို့လို့ ကန္တာ လန့်သွားပုံရသည်။
တွန့်ကနဲ ဖြစ်သွားကာ သူ့လက်တွေက နေ မသိမသာရုန်းနေသည် မဟုတ်ပါလား။
ဒါက လည်း သူနှင့်ကန္တာ သည် ငယ်စဥ်ကသာ တစ်ဦးနှင့် တစ်ဦး ဖက်ဟယ် ချီဟယ်လုပ်ချင်လုပ်မည်။
ကြီးလာတော့သူ့ဘက်က ကန္တာ့အပေါ်ထားသည့် ခံစားချက်တွေကြောင့် အခုလိုမဖက်ဘူးသည့် အတွက် ပင် ဖြစ်ပါလိမ့်မည်။
ဒါပေမဲ့ သူ မလွှတ်ပေးနိုင်ပါ။
ကန္တာ ပျောက်သွားတယ် ဆိုပြီး ဘယ်လောက်စိုးရိမ်ခဲ့ရပါသလဲ။

သူ့ ဘေးနားကနေ ထွက်သွားတယ် ဆိုပြီး ဘယ်လောက် စိတ်ပူခဲ့ရပါသလဲ။
တစ်ကယ် မဟုတ် ခြင်း ဖြစ်တာတောင်မှ ကြောက်လန့်ဖွယ် ကောင်းလွန်းလှသည်။

ပြီးတော့အိမ်မက်ကြီးက စိတ် တွေကို ဘယ်လိုမှန်းမသိအောင် ဆွဲစုပ်ထားသလိုပင်။
အေးစက်ပြီး ထိတ်လန့် တုန်လှုပ် လွန်းလှ၏။
ကန္တာကသူ့ဘေးကနေပျောက်သွားတယ်တဲ့လား။
အမြဲတမ်းအနားတွင် ရှိနေခဲ့သောကန္တာက ဘေးနားကနေ ပျောက်ကွယ်သွားသည် တဲ့လားလေ။

ဆက်ပင် မတွေးရဲတော့ပဲ ကန္တာ့ကိုသာ ပိုတိုးလို့ ဖက်ထားလိုက်မိပါသည်။

"ကန္တာရယ် ..... "

"သက် သက်တံ့ ဘ ဘာဖြစ် တာလဲ... ဘာဖြစ်လို့လဲ... ဘာဖြစ်တာလဲလို့!! ဟင်
ငါစိတ်ပူအောင်မလုပ်ပါနဲ့ကွာ... "

ဝသုန် ဤမြေ တိုင်တည်ခဲ့သည်Where stories live. Discover now