Ch5-Part 21(Unicode)S*C*

1.6K 126 31
                                    

"ဟင် ! "

"အဲ့တာဆိုရင် မတို့ အဲ့ည က ပြန်လာတော့ ဘာဆက်ဖြစ်ကြလဲဟင်... "

သူမပြောသော အဖြစ်အပျက် တွေကို နားထောင်ပြီး ကြယ်က အရမ်းသိချင်နေဟန်ဖြင့် အလျင်အမြန်မေးပါသည်။
သူမသည် ကိုယ်တိုင်ပါဝင် ခဲ့ သော ဇာတ်လမ်းတစ်ပုဒ်အား ကြယ့်ကိုပြောပြသည့် နေရာတွင် အသက် ပင် မရှူနိုင် အောင် ဖြစ်ရသည်။
အဖြစ်အပျက် များသည် မနေ့တစ်နေ့ကလို ....
TV ဖန်သားပြင် ထက် မှာ ပြနေတဲ့ ဇာတ်ကားတစ်ခုလို ထင်ထင် လင်းလင်းနှင့် သူမ မျက်လုံးထဲ မှာ ရှိနေပါသေးသည်။

မဟူရာသည် သက်ပြင်းကို ရှိုက်မိရ၏။
ခပ်ဖွဖွ ပြုံး နေမိရင်း ပင် အရှေ့မှာမြင်နေရသော အိမ် ရောင်စုံလေးတွေနှင့် ကောင်းကင်ကြီးတစ်ခုလုံးကို ကြည့်နေမိပါသည်။
လေပြေလေညှင်း တွေက ညှင်သာစွာ ရစ်သိုင်းလို့ နေကြသည်။
မှိုင်းညို့နေသော ကောင်းကင် ကြီးကို နောက်ခံထားလျှက် မြူ တို့ သိပ်သည်းစွာ ဆိုင်း နေ၏။
ရှင်းသန့်သပ်ရပ် သော လမ်းမကျယ်ကြီး ရဲ့ နှစ်ဖက်စလုံးမှာတော့ ဆိုင်ကယ် တွေ ကားတွေက အပြည့်အသိပ်နေရာ ယူကာ ဆူညံ စည်ကားလျက် ရှိနေကြပါသည်။

နေဝင် တော့ မည် ဖြစ်တာကြောင့် ကောင်းကင် ကြီးတစ်ခုလုံး ပုဇွန်ဆီ ရောင်သန်းလျက် မြူခိုးမြူငွေ့တွေ ရစ်ပတ်လွှမ်းခြုံကာ မှိုင်းညို့နေ၏။
မကြာ ခင် အချိန် တစ်ခုလုံးအတွင်းမှာပင် တောင်ကြီးမြို့ကြီး တစ်ခုလုံး သည် သဘာဝ ရဲ့ အလင်းရောင် မဟုတ်ပဲ လူတွေပြုလုပ်ထားသော အလင်းရောင် တွေနှင့် အသက်ဝင်ရတော့မည်။

ည အချိန် ရောက် ခါနီးလေ နှင်းတို့က ပိုသည်းလေပါ။
အအေးဓာတ်မှာလဲ ပိုပိုပြီး ကဲနေပြီ ဖြစ်တာကြောင့် ခေါင်းစွပ်တွေ ခြေအိပ်လက်အိပ် အနွေးထည် တွေ နဲ့ လမ်းမထက်က လူတိုင်း မှာ နွေးထွေးစွာဝတ်ဆင်ထားကြပါ၏။
ဆောင်းတွင်းဖြစ်တာကြောင့်လဲ အေးလိုက်တာ မှ သည်းမခံနိုင်အောင်ပင်။
ဒီအချိန်က လဲ ခရီး သွားရာသီ ဖြစ်တာ ကြောင့်လား မသိပါ။
တောင်ကြီး မြို့တွင် လူတွေ ကားတွေက ခါတိုင်းထက်ကို ပိုမို များပြားလျက် စည်ကားလို့ နေကြသည်။
ဒီလို စည်ကား ပါလျှင် မြို့နေ လူထု ရဲ့ စားဝတ် နေရေးတွေလည်း အနည်း နှင့် အများ ပြေလည် ကြစမြဲမို့ ကောင်းသော စည်ကား ခြင်းမည်သည်ပင်။

ဝသုန် ဤမြေ တိုင်တည်ခဲ့သည်Where stories live. Discover now