Ch2 -Part 7(Zawgyi)

561 43 0
                                    

နေလုံးကြီးက အရှေ့ဘက်အရပ် ဆီမှ တစ်ဆင့်ခြင်း ထွက်ပေါ်လို့လာလေပြီ။
အဝါရောင် ဖျော့တော့ နေသောရောင်ခြည်သည် မှောင်မိုက် ခြင်းတို့အားတစ်ဖြည်းဖြည်းတွန်းထုတ်နေသည်။
ထွက်ပေါ်လာတဲ့ ပမာဏ များသလောက် အလင်းရောင်က လဲ ဖြာထွက်လာကာ ရန်ကုန်မြို့ကြီး တစ်မြို့ လုံးကို လွှမ်းခြုံလို့လာပြန်၏။

နေရောင်ခြည်နွေးနွေးအောက်မှာတစ်ဖြေးဖြေးနဲ့ကားသံတစ်ဝီဝီနဲ့ လှုပ်ရှားသွားလာမှုအသံတွေကိုကြားလာရပြီ။
ဆောင်းဥတု သို့ ခိုဝင် တော့မည် ဖြစ်တာကြောင့် အာရုံ တက်အချိန် တွင် ပေါ်ထွက် နေသော မြူမှုန် မြူနှင်း ခပ်ငွေ့ငွေ့သည် နေရောင်ခြည် အောက် တွင် သင်းပျံ့ဝဲလွင့်လာသော လေ နှင့် အတူ ထွက်ခွာ လို့သွား လေသည်။
တစ်ဖြည်းဖြည်း အပူရှိန် သည်လည်း အလင်းနှင့် ဒွန်တွဲ တက်လာ၏။
နေ့သစ်တစ်နေ့တာသည် အစပြုတော့မည်ဖြစ်သည်။

မကြာခင် တစ်ခု လုံးအပြည့်အဝထွက်ပေါ်လာတော့မည် နေမင်း ကိုကြိုဆိုရန် သက်တံ့သည် ဝရံတာပေါ်မှာအသင့်စောင့်ဆိုင်းလို့ နေလိုက်သည်။
မကြာလိုက် အောက်ဆီမှ ကားစက်နှိုးသံကို ကြားလိုက်ရ၏။
ဖေဖေအလုပ်သွားတော့မည် ထင်သည်။
ငုံ့ကြည့်တော့ မေမေက ဖေဖေ့ကို ကားအောက်မှ နေ၍ မှာစရာ ရှိတာ မှာနေပုံပါပင်။

တစ်ချက်သာ ပြုံးလိုက်ရင်း ကောင်းကင်ပေါ်ကိုပြန်မော့ကြည့်လိုက်တော့ နေလုံးကြီး ဖြေးဖြေးချင်း အပြည့်အစုံ ထွက်ပေါ်လို့လာခြင်းကိုမြင်ရ၏။
ရန်ကုန် တစ်မြို့ လုံးသည် လင်းလက် ၍ သွားလေပြီ။
တောက်ပလိုက်သည် ဖြစ်ခြင်း။
ခန့်ထည်လိုက်သည်ဖြစ်ခြင်း။
သူသည် လက်နှစ်ဖက်ကိုစုလိုက်ကာ
ရင်ထဲ က အလိုလိုထွက်ပေါ်လာသောစကားတွေကိုပြောမိပါသည်။

"ကျွန်တော့်ရဲ့ ကန္တာရ အစစ အရာရာမှာ အဆင်ပြေပါစေ....
သူ စိတ်ချမ်းသာ ကိုယ်ကျန်းမာရပါစေ"

နေရောင်ခြည် သည် ပို၍ လက်ဖြာသွား၏။
သူတို့ ခြံဝန်း အတွင်းသို့တိုင်အောင်ပါပင်....
သူ့ဆုတောင်းကို နေမင်း က ကြားသည် ထင်၏။
ခန္တာ ကိုယ် အပေါ် အထိကို အလင်းရောင်တွေ ဖြာကျလာပြီး ပိုမို နွေးထွေးသွားစေသည်ပင်။

ဝသုန် ဤမြေ တိုင်တည်ခဲ့သည်Where stories live. Discover now