Ch4-Part 19(Unicode)

1.6K 129 26
                                    

ခေါင်းတစ်ခုလုံးသည် ချာချာ လည်ကာ မူးဝေလာရသည်။
ကမ္ဘာလောကကြီးမှာ ခေတ္တ ခဏ ရပ်တန့်သွား၏။
နေဝင်အိပ်တန်းတက်ရန် ပြင်ကြသည့် ငှက်ကလေး များ ပင် အသံ မထွက်ကြတော့။

သက်တံ့ သည် အံ့ဩခြင်းမက အံ့ဩခြင်းများစွာဖြင့် မေမေ့ကို ကြောင်အစွာငေးကြည့် နေမိပါသည်။

ဒီလို ဆိုရင် မေမေက သိနေသည်ပေါ့။
သူကန္တာ့အပေါ်ထားတဲ့ခံစားချက်တွေကို။

ချက်ချင်းပင် ကားပေါ်မှာ ကန္တာ ပြောခဲ့သော စကားတွေက အာရုံ ထဲကို ပြန် ရောက် လာကြသည်။
"မင်းရဲ့ အမေကို တစ်ယောက်ယောက်က သတင်းပေးရင်ပေးမပေးရင် လဲ သူကိုယ် တိုင် ငါတို့ အကြောင်းကို ရှာ တွေ့ သွားတာသေချာ တယ် သက်တံ့"တဲ့။
သူသည် ထို အချိန် တုန်းက ဟုတ် ပါ့မလားဟု တွေးမိသေးသည်။
ဒီအတိုင်းမဟူ တို့ အိမ်နှင့် နဂိုကတည်းက ရင်း နှီးနေ၍ သာ စီစဥ်သည် ဟုထင်မိ၏။
အခုတော့ ကန္တာ ပြော ခဲ့သည့် စကားသည် သွေးထွက် အောင် ပင် မှန် နေခဲ့လေပြီ။
မေမေက သူနှင့် ကန္တာ့ရဲ့ အကြောင်းကို တစ်နည်းနည်း ဖြင့်သိနေခြင်းကြောင့်သာ မဟူနှင့် စီစဥ်ခြင်းပါပင်။
သူသည် အေးစက်ကာ တုန်ယင် လာသော လက်တွေအား တစ်ဖက်နဲ့တစ်ဖက် ဖြစ်ညှစ်ကာ ဆုပ် ကိုင်ရင်း ပါးစပ်မှ ပင် ထုတ်မေးမိပါ တော့သည်။

"မေမေ သိ သိ နေတာလား.... "

"မေမေ သိတာ မသိတာ အရေးမကြီးပါဘူး... အရေးကြီးတာ က မင်းရဲ့ အဲ့ဒိခံစားချက်တွေကိုအမြန်ဆုံးရုတ်သိမ်းလိုက် ဖို့ပါပဲ... "

မေမေက ပြတ်သားစွာဆိုလာ၏။
သူ လက်မခံနိုင်ပါ။
"ဘာဖြစ်လို့လဲ မေမေ.... သားကန္တာ့ကို အရမ်းမြတ်နိုးတယ်... အရာရာထက်ပိုပြီးကိုတန်ဖိုးထားတယ် ... ဘာဖြစ်လို့ ဘာဖြစ်လို့သားက ကန္တာ့ အပေါ်ထားတဲ့ ခံစားချက်တွေကိုရုတ်သိမ်းရမှာလဲ..."

"ဘာလို့လဲ ဆိုရင် မေမေလက်မခံ နိုင်လို့ပဲသား... မင်း သေချာလဲ စဥ်းစားကြည့်စမ်းပါဦး... မင်း ကန္တာရကို စိတ်ကစားတာ ပဲဖြစ် ရင်ဖြစ်မှာ... မင်းတို့ အရွယ်တွေဆိုတာ မဟုတ်တာကိုသာယာတတ်ကြတာပဲ.....
မေမေ အဲ့တာကို လက်ခံနိုင်တယ်..... "

ဝသုန် ဤမြေ တိုင်တည်ခဲ့သည်Where stories live. Discover now