Ch4 -Part 18(Zawgyi)S*C*

583 33 0
                                    

နှင်းမြူများ တစ်ဖွဲဖွဲ ကျနေသည်။
ကောင်းကင် ကြီး က မှိုင်းညို့ သည်။
လမ်းတွေထက် တွင် လူတစ်ဦးတစ်ယောက်မှ မရှိသလို ကားစက် ဘီး အစရှိသည်တို့ကိုလဲ တွေ့ရခဲသည်။
သို့သော် တစ်နေရာတွင် တော့ ကားနှစ်စီးက ရှေ့ဆင့် နောက်ဆင့်ဆိုသလို ရပ် ထား၏။
ထိုကားများဘေးတွင် ချမ်းချမ်းစီးစီး နှင့် အနွေးထည်များဝတ်ကာ ရပ်စောင့်နေကြ သော လူ အယောက် ၅၀ကျော်လောက်ကို တွေ့နိုင်သည်။
သူတို့သည် အလွန်ပင်ပန်းနေကြပုံရှိ၏။
သူတို့ရဲ့ မျက်လုံးများသည်လည်းခဲဆွဲထားသလိုလေးလံနေကြသည်။
သက်တံ့သည် သူတို့ကို ကြည့်ကာ အားနာမိရ၏။
ကျေးဇူးလဲ တင်ရပါသည်။

"ဝါး မောလိုက်တာကွာ....

ဘေးနားက နေ မင်းခန့်က သန်းဝေ ၍ ပြောလာသည်။
သူက နားလည်စွာ နှစ်သိမ့်သည့်သဘော နှင့် မင်းခန့် ရဲ့ပုခုံးကို ဆုပ်ကိုင်လိုက်ပါသည်။
ဘေးပတ်ပတ်လည်ကိုကြည့်မိတော့ သူတို့ အတန်းသူ အတန်းသားတွေအကုန် အိပ်ချင်ကာ ငိုက်မြည်း နေသည့်ပုံတွေ နှင့် တစ်ယောက်မှ တက်တက်ကြွကြွ မရှိလှပါ။
ပင်လဲပင်ပန်း နေကြပုံပေါ်၏။
ရာသီဥတု က အေးစိမ့်လှသည်။
အရှေ့အရပ် ဆီမှ နေဝန်းနီနီ သည် ကောင်းကင် ပေါ်သို့ ရောက်ရှိ၍ မလာသေး။
တန်တော့ နေမင်းသည် ယခု မှ တောင်တန်း တွေပေါ်တွင် မေးတင် နေဆဲပင် ဖြစ်ပေလိမ့်မည်.....
အချိန်ကို ကြည့်မိတော့ ၅နာရီ ခွဲနေပြီ။

သူက အတန်း ထဲ က လူများကို အားလဲ နာသလို ကျေးဇူးလဲ တင်မိပါသည်။
အမှန်မှာတော့ အစ အစီအစဉ်သည် ဗိသာနိုးကနေ ၁၁နာရီလောက်မှပြန်မည် ဟု။
မပြန်ခင်ညမှာ လဲသူတို့အားမီးပုံပွဲလေး တစ်ခု လုပ်ပေးဦးမည် ဟု။
သို့ပါသော်လည်း ကန္တာ့ရဲ့အမေ ဆုံး ကြောင်းသိသွားသောအခါ ဆရာ မကြီး နှင့် ဆရာ တို့က အစ စိတ်မကောင်းဖြစ်လှစွာ အခုလို မနက်အစောကြီး ထပြန်ဖို့ စီစဉ်ရခြင်းပင်။

သူငယ်ချင်းတွေကလဲ ကန္တာ့ အတွက်စိတ်မကောင်းဖြစ်တာကြောင့် အစောကြီး ပြန်မည် ဆိုတာကိုသဘော တူခဲ့ကြသည်။
ဘယ်မီးပုံပွံမှလဲ မလုပ်ဖြစ်ခဲ့ကြပါ။
စိတ်မကောင်းခြင်းများစွာတို့နှင့်သာ တိတ်ဆိတ် ငြိမ်သက်ပေးခဲ့ကြသည်။

ဝသုန် ဤမြေ တိုင်တည်ခဲ့သည်Where stories live. Discover now