ကျေးဇူးတင်လွှာ

536 72 29
                                    

Unicode ‼️

Ghost Diary လေးကို အပိုင်း ၂၅ အထိ ရေးမှတ်ပြီးချိန်မှာတော့ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီမှတ်တမ်းစာအုပ်လေးအတွင်း ပါဝင်တဲ့ အကြောင်းအရာလေးတွေက ကိုယ်တွေ့ဖြစ်ရပ်မှန်သရဲအကြောင်းလေးတွေကို စုံစီနဖာ ရေးမှတ်ခဲ့တာ ဖြစ်တာမို့ အသည်းအသန် ကြောက်လန့်စရာတွေ ပါချင်မှလဲ ပါခဲ့လိမ့်မယ်။ သည်းထိပ်ရင်ဖို အကြီးအကျယ် ဖြစ်ချင်မှလဲ ဖြစ်ခဲပါလိမ့်မယ်။

ဒီအတိုင်း ဖြစ်တတ်တဲ့  ခြောက်လန့်မှုအသေးစားလေးတွေကို ပုံပေါ်အောင် ရေးဖွဲ့ခဲ့ခြင်းသာမို့ ပေါ့ပေါ့ပါးပါးဖတ်ရင်းနဲ့ပဲ သရဲတစ္ဆေနဲ့ ပက်သက်ပြီး
စာဖတ်သူမသိသေးတဲ့ ဗဟုသုတ အချို့ကို  ရကောင်းရသွားခဲ့မယ်လို့ပဲ ထင်မြင်မိပါတယ်။

ဘယ်လိုဖြစ်ဖြစ် ဒီ Ghost Diary လေးမှာ စီးမျောခံစားရင်း ကြောက်လန့်ပေးခဲ့သူ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

မိမိကြုံတွေခဲ့တဲ့ ဖြစ်ရပ်မှန်သရဲကြောင်းလေးတွေကို အားလုံးသိအောင် Sharing လုပ်ဖို့ လာပြောပြပေးခဲ့ကြတဲ့သူတိုင်းကိုလဲ ကျေးဇူးအထူးတင်ပါတယ်။

အားလုံးရဲ့ကျေးဇူးနဲ့ ဒီ Diary လေးဟာ "Ghost Story" စိတ်ဝင်စားသူတွေအတွက်တော့ ဖတ်ချင်စရာစာအုပ်အဖြစ် ရပ်တည်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ဆက်လက်ပြီး Ghost Diary လေး ရှေ့ဆက်နိုင်ဖို့ အစီအစဉ်လေးတစ်ခုအဖြစ် ပြောပြချင်တာကတော့

ဒီစာအုပ်အား အခုမှတွေ့ရှိပြီး မိမိတို့ ကြုံတွေ့တဲ့သရဲဇာတ်ကြောင်းများကို ပြန်ပြောပြချင်တဲ့သူများအနေနဲ့ကတော့ အခု ဒီ ကျေးဇူးတင်လွှာဆိုတဲ့ Part အောက်မှာ သရဲဇာတ်ကြောင်းများကို Comment ဝင်ရေးသွားလို့ရပါတယ်။ ဇာတ်ကြောင်းတွေရှိခဲ့ရင် ဝင်ရေးပေးပါလို့လဲ မေတ္တာရပ်ခံပါတယ်။

စာဖတ်သူများအနေနဲ့လဲ သူတို့ပြောပြတဲ့ ကိုယ်တွေ့သရဲကြောင်းလေးများကို Comment ထဲမှာ ပြန်ဝင်ကြည့်သွားလို့ရပါတယ်။

အဲ့တော့ Cuttiehsumindooly ရေးတဲ့ Ghost Diary ဟာ The End ဖြစ်သွားခဲ့သည့်တိုင်

Ghost Diary {Completed}Where stories live. Discover now