Diary {18} - "လူဝင်စား"

729 131 41
                                    

Unicode ‼️

ဒီတခါတော့ "လူဝင်စား" ဆိုတဲ့ အကြောင်းအရာလေးကို ဆွေးနွေးကြည့်ရအောင်လား စာဖတ်သူလေးတို့ရေ ....။

ပြန်ပြီး ဝင်စားတယ်ဆိုတဲ့ အကြောင်းကို စာရေးသူအနေနဲ့ စိတ်ဝင်တစားရှိနေခဲ့မိတာ ကြာပါပြီ ။

ဇာတ်လမ်းတွေထဲမှာ ပါဖူးတာနဲ့ ကြားဖူးနားဝရှိတာလေးတွေ တချို့ကိုတော့ ဒီ Diary ထဲမှာ ပြန်လည် ပြောပြချင်ပါတယ်။

ပြန်ဝင်စားတဲ့ အကြောင်းကို အရမ်းစိတ်ဝင်တစားရှိနေတာမို့ "Tannie" ဆိုတဲ့ FanFic လေး တစ်ပုဒ်တောင် ရေးဖြစ်ခဲ့လိုက်ပါသေးတယ်။

အဲ့ Fic လေးထဲမှာ ခွေးလေးက ခုလက်ရှိဘဝမှာသေဆုံးသွားခဲ့ပေမဲ့ သခင့်ကို စွဲလမ်းစိတ်ကြောင့် နောက်ဘဝတစ်ခုမှာ ခွေးလေးပဲ ပြန်ဖြစ်ပြီး သခင့်ကို လိုက်ရှာနေခဲ့တဲ့အကြောင်း ရေးသားထားတာကို ထို Fanfic ကို ဖတ်ဖူးတဲ့သူ တချို့ မှတ်မိကြလိမ့်မယ် ထင်ပါတယ်။

တစ်ယောက်နဲ့ တယောက်ရဲ့ အကြားက စွဲလမ်းမှုတွေ ၊ ရှေးရေစက်တွေ ပေါင်းစပ်ပြီး သူနဲ့ နီးစပ်ရာ နေသို့ ပြန်လည်ရောက်ရှိပြီး ပြန်ဝင်စားခြင်းဆိုတာ ဖြစ်တည်လာတာလို့ မြင်မိပါတယ်။

=======

ဒီနေရာမှာ အရင်ကလဲ ပြောပြခဲ့ဖူးတဲ့ အ​ကြောင်းအရာလေး တစ်ခုကို ပြန်ပြောပြချင်ပါတယ်။

အဲ့တာက ဘာလဲဆိုတော့ စာရေးသူငယ်ငယ်က သင်ခဲ့ရတဲ့ ဆရာမတစ်ယောက်ရဲ့ အကြောင်းလေးပါ။ ​ထိုဆရာမမှာ သမီးလေး တစ်ယောက်ရှိပါတယ်။ သူ့သမီးလေးကို အရမ်းချစ်တာပါ။ တစ်ဦးတည်းသော သမီးမို့ သဲသဲလှုပ်ပါပဲ။ ဒါပေမဲ့ ကံဆိုးတာကတော့ ထိုကလေးက သက်ဆိုးမရှည်ခဲ့ပါဘူး။ အဖျားကြီးပြီး အသက်ပါဆုံးသွားရှာတယ်။ အဲ့မှာ ကလေးလေး သေသွားတော့ ဆရာမတို့မှာ ရူးမတတ်ဖြစ်ခဲ့တာပေါ့။

ကလေးကို လွမ်းတဲ့စိတ်နဲ့ ဘာအလုပ်မှလဲ မလုပ်နိုင်တော့ဘဲ တငိုငို တရီရီနဲ့ အမြဲ မှိုင်တွေနေတော့တာပါပဲ။ ကလေးကို ပြန်ခေါ်ချင်တဲ့ စိတ်ပဲရှိနေတော့တာ ။ အဲ့တာကြောင့် ဗေဒင်တွေ ယတြာတွေလဲ တော်တော်လေး လုပ်ခဲ့ပုံရပါတယ် ။

Ghost Diary {Completed}Where stories live. Discover now