Diary {24}

561 106 63
                                    

Unicode ‼️

Ghost Diary လေးထဲမှာ နောက်ဆုံးမှတ်တမ်း
Final ဆိုပြီး ရှိတယ်လို့ ပြောလိုက်တော့ အံ့သြသွားမယ် ထင်ပါတယ်။

တချို့စာဖတ်သူလေးတွေက ပြောတယ် " Ghost Diary လေးအဖြစ် အမြဲမှတ်တမ်းလေးတွေရေးနေပေးမယ် ထင်နေတာ" တဲ့လေ။

အဲ့လိုကြားရတော့ စိတ်မကောင်းမိပါဘူး။

တကယ်ရေးပေးချင်ပါတယ်။

ဒါပေမဲ့ စာရေးသူ မိမိမှာ တခြားရေးစရာအလုပ်လေးတွေ များနေတာမို့ အခုလို ဒီ Ghost Diary လေးရေးခြင်းအပေါ် လက်စသတ်လိုက်တော့မယ်လို့ ဆုံးဖြတ်မိခြင်းကြောင့်သာပါ။

ဒါပေမဲ့ Ghost Diary စာဖတ်သူလေးတွေအတွက် အစီအစဉ်လေး တခုတော့ လုပ်ပေးခဲ့မှာပါ။

ထိုအရာက ဘာလဲ ဆိုတာကိုတော့ နောက်မှ ပြောပြပါ့မယ်။

အခုတော့ ဒီDiaryလေးမှာ ညနေက ညီမလေး နှစ်ယောက် လာပြောပြထားတဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကိုပဲ မှတ်တမ်းတင်လိုက်ရပါတယ်။

Final ကတော့ နောက်တပိုင်းမှပါ ။

ကဲ .... လိုက်ပါ စီးမျော ကြောက်လန့်ပေးကြပါဦး။

=======

သူမ အခုတလော သရဲအိပ်မက်တွေ
တော်တော်လေး မက်နေမိတယ်။
ဒါပေမဲ့ သိပ်ပြီးတော့ စိတ်ထဲမထားဘူးပေါ့။

အဲ့တာနဲ့ တစ်ညမှာ သူမ မက်တဲ့ အိမ်မက်က ထူးဆန်းနေခဲ့သလို ကြောက်ဖို့လဲ သိပ်ကောင်းနေခဲ့တယ်။

အချိန်ကို ပြန်တွေးရရင်တော့ မနက်သုံးနာရီလောက်မက်တာ ဖြစ်မည်ထင်သည်။

အဲ့ဒါကတော့ ...

သူမတို့ အိမ်နောက်ဖေးကတိုက်ကိုမြင်မက်မိခြင်းသာ။ သူမတို့က ခုနှစ်လွှာမှာနေတာပါ။

အိမ်မက်အကြောင်း ဆက်ပြောရမယ်ဆိုရင်တော့
အိမ်မက်ထဲမှာ သူမကမီးဖိုထဲရောက်နေတာ။ အဲ့မှာသူမနဲ့အတူ လူတွေလည်းရှိနေပါတယ်။

အဲ့လိုကနေ အမှတ်မထင်ပဲ
အဲ့တိုက်ကိုမတော်တဆလှည့်ကြည့်မိတာ။

အဲ့အချိန်မှာ အဲ့တိုက်ကနေ ဂါဝန်ဖြူဖြူကြီးနဲ့မိန်းမကြီးက သူမကို ပြုံးကြည့်နေရဲ့လေ။

Ghost Diary {Completed}Where stories live. Discover now