Diary {23}

653 122 85
                                    

Unicode ‼️

သရဲအကြောင်းလာပြောပြတဲ့ သူလေးတွေရှိရင် ချက်ချင်း Ghost Diary လေးထဲမှာ ရေးမှတ်လိုက်ရမှ ကျေနပ်မိတော့တယ်။

အခုလဲ ဖြစ်ရပ်မှန်အကြောင်းအရာလေးတချို့ကို မှတ်တမ်းတင်ပါဦးမယ်။

ဦးဆုံးအကြောင်းအရာကတော့ အသားငါးတွေနဲ့ ပက်သက်ပြီး ခြောက်ခြားဖွယ်ရာ ဖြစ်တည်လာတဲ့ ဇာတ်လမ်းလေးပါ။

ဘယ်လိုအရာများဖြစ်မလဲ
လိုက်ပါဖတ်ရှုကြည့်ကြပါဦး။

ဇာတ်ကြောင်းလေးကတော့ ....

သူမရဲ့ အဖွား ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။

ထိုနေ့က ဖွားက ညဘက်ကြီး ၇ ခွဲ ၈ နာရီထိုးလောက်မှာပေါ့။ အမဲသားဟင်းချက်စားဖြစ်ခဲ့တယ်။

ဖွားတို့ အိမ်ရဲ့ပုံစံလေးက ဒီဇာတ်လမ်းရဲ့ ထူးခြားမှုတွေ ဖြစ်စေမဲ့ အိမ်နောက်ဖေးမှာ နောက်ဖေးလမ်းကြားလေးတစ်ခုရှိခြင်းပါ။

ဒီလိုကနေ အမဲသားချက်ပြီးလို့ မိသားစုတွေညစာစားတဲ့အထိ အကောင်းပါဘဲ။ ညစာစားပြီးတော့ ပန်းကန်ဆေးတဲ့ အချိန်ထိလဲ ပုံမှန်ဘဲ ။

သို့ပေမဲ့

ပန်းကန်လဲဆေးပြီးလို့ ထမယ်လဲဆိုရော
ဖွားက ထလို့ မရတော့ပါဘူး။

မိသားစုအားလုံး အထိတ်အလန့်ဖြစ်သွားကာ
ဘာ့ကြောင့်လဲဆိုပြီး ဖွားအားသွားကြည့်ကြတော့ ဖွားရဲ့ဒူးခေါင်းမှာ အလုံးကြီး ဖြစ်နေတာကိုတွေ့ခဲ့ကြတယ်။ တကယ့်ကို နည်းနည်းနောနောကြီး မဟုတ်ဘူးတဲ့လေ။

အဲ့တော့ သူမအဖိုးက ဆေးတွေနဲ့ မန်းတာပေါ့နော်။

ပြီးတာနဲ့ ချက်ချင်း အိမ်နောက်ဖေးသွားပြီးတော့
နောက်ဖေးလမ်းကြားဘက်ကို ကြည့်ပြီး သရဲတွေကို "ဒါကိုယ့်ဘာသာကိုယ် ချက်စားတာလေ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ချက်စားတာ နင်တို့ကို ကျွေးစရာလား လုပ်ထားတာ ပြန်ဖြေပေး " အဲ့လိုအကျယ်ကြီး အော်ပြောလိုက်လေတယ်။

အဲ့တော့မှပဲ ဖွားရဲ့ ခြေထောက်က အလုံးကြီးက ပြန်ပြေသွားပြီး လမ်းထလျှောက်နိုင်သွားလေတော့တယ်။

Ghost Diary {Completed}Where stories live. Discover now