Diary {20}

697 131 57
                                    

Unicode ‼️

Ghost Diary လေးထဲမှာ စာမရေးဖြစ်တာတောင် အနည်းငယ် ကြာသွားပြီ။ မျှော်နေတဲ့သူလေးတွေများ ရှိမလားလို့ တွေးရင်း အခု ဒီ Diary လေးကို
ချရေးဖြစ်ခဲ့တယ်ပဲ ဆိုပါတော့ ။

ဒီတခါတော့ သရဲခြောက်ခံရတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကြောင်းလေးတွေကို ရောပြွန်းပြီး
အစုံလိုက်သာ ရေးသွားတော့မယ်နော်။

တက္ကသိုလ်က အဆောင်မှာ သရဲခြောက်တဲ့အကြောင်းတွေလဲ ပါမယ်။ အရင်တုန်းက နေခဲ့ဖူးတဲ့ အိမ်အဟောင်းမှာ သရဲခြောက်ခံခဲ့ရဖူးတဲ့ အကြောင်းတွေလဲ ပါမယ်ပေါ့လေ။

ဇာတ်လမ်းတွေက စာရေးသူ ကိုယ်တွေ့မဟုတ်သော်လည်း အခုလို သရဲဇာတ်လမ်းကြောင်းလေးတွေကို Sharing လုပ်နိုင်ဖို့ လာပြောပြပေးကြတဲ့ ညီမလေးတွေကို ကျေးဇူးတင်ကြောင်း စကားဆိုရင်းနဲ့ပဲ ဒီ Ghost Diary လေးကို စတင် အသက်သွင်းလိုက်ကြပါစို့ ။

✍️✍️✍️

သူမကတော့ ဆေးကျောင်းသူ တစ်ယောက်။

ဆေးကျောင်း ဒုတိယနှစ် အဆောင်မှာနေတယ်။

သူတို့အဆောင်က ခြောက်ထပ်ဆောင်ဖြစ်ကာ တော်တော်ကြီးပြီး မိုက်လဲမိုက်သည်။

အစိုးရဆောင် အသစ်ဆောက်ထားတာမို့ ကျောင်းဆောင်သစ်ကြီးဖြစ်ပြီး အလယ်မှာတော့ကွင်းပြင်ကြီးဖြစ်ကာ ထီးထီးကြီးတော့ ဖြစ်နေသေးသည်။

အဆောင်အသစ်မို့ မိုက်သော်လည်း မကောင်းတဲ့အချက်ကတော့ သရဲခြောက်တယ် လို့ပြောသံတွေ ကြားနေရခြင်းပင်။

ကြားမိသလောက်ကတော့ သူတို့ ခြောက်ထပ်ဆောင်ကြီး တစ်ထပ်နဲ့တစ်ထပ် တက်တဲ့လေကားနားမှာ ညဘက်ဆို ခြေသံတွေ ကြားနေရတယ်တို့ ၊

ရေချိုးခန်းတွေထဲမှာလဲ ရေသံကြားတာတို့ ၊

အိမ်သာထဲမှာရေ ဆွဲချသံကြားလို့ လူရှိတယ်ထင်ပြီးစောင့်နေမိသော်လည်း တော်တော်ကြာလို့ တံခါး ဖွင့်ကြည့်လိုက်တော့မှ ဘယ်သူမှမရှိတာတို့ စသည်ဖြင့် ပုံမှန်မဟုတ်သည့် ထူးဆန်းဖွယ်ရာလေးတွေ ကြုံတွေနေကြရလေသည်။

ထိုသို့ သရဲခြောက်သည် ဆိုတဲ့ အသံတွေ ကြားနေရပြီး မကြာခင်မှာပဲ သူမအနေနဲ့ နှဖူးတွေ့ ဒူးတွေ့ကြုံခဲ့ရသည့်အရာတစ်ခုကတော့ ....။

Ghost Diary {Completed}Where stories live. Discover now