Diary {19}

698 129 78
                                    

Unicode ‼️

Ghost Diary လေးကို ခဏနားထားဦးမယ်လို့ စိတ်ကူးနေတုန်းမှာပဲ ညီမငယ်လေးတွေက သူမတို့ သရဲခံခြောက်ခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်စဉ်လေးတွေကို Sharing လုပ်နိုင်ဖို့ ဆိုပြီး လာပြောပြထားကြတာလေးတွေ ရှိလို့ အခုလိုပဲ Diary လေးထဲမှာ မှတ်တမ်းလေး ရေးဖြစ်ခဲ့ပြန်ပါပြီ။

သူမ ကြုံတွေ့ခဲ့တာ တကယ့်ကို မှတ်မှတ်ရရအားဖြင့် လွန်ခဲ့သော တပတ်ကျော်လောက်ကမို့ မကြာသေးဘူးဟုပဲ ဆိုရမည်။

ဖြစ်ချင်တော့ သူမတို့ အနီးအနားမှာ ကျောင်းတစ်ကျောင်းရှိပါတယ်။ အဲ့ကျောင်းက အပြင်ကကြည့်လိုက်ရင် လုံးဝ နေချင်စဖွယ်ကြီးမို့ သဘောကျမိသော်လည်း ထိုကျောင်း အနီးအနားက လူတွေ ပြောတာတော့ ဒီကျောင်းက နာနာဘာဝေတွေ အရမ်းများတယ်တဲ့လေ။

သူမ အနေနဲ့  ကြားကြားချင်းလုံးဝ မယုံခဲ့ပါဘူး။
အရင်တုန်းကလည်း သရဲဆိုတာကို လုံးဝမကြောက်ခဲ့သူမို့ ။ ကိုယ်တိုင်လဲ  မကြုံဖူးသေးတော့ ကြောက်ရကောင်းမှန်း မသိခဲ့ပေ။

ဒါ့ကြောင့်လဲ တစ်နေ့မှာတော့  သူငယ်ချင်းတွေစုပြီး
"အဲ့ကျောင်းကို သွားကြမယ်" လို့ပြောဖြစ်ကြတယ်။
ကျန်တဲ့ သူမရဲ့ သူငယ်ချင်းတွေကတော့ ကြောက်နေကြတယ်။ ဒါပေမယ့် သူမက သူတို့ကို မကြောက်ဖို့အားပေးရင်းနဲ့ပဲ ထိုကျောင်းကို သွားကြည့်မည့် အစီအစဉ်က ဖြစ်မြောက်ခဲ့တယ်။

နောက်တစ်နေ့ စနေနေ့ရောက်တော့ အဲ့ကျောင်းကို
သွားဖို့ လူစုလိုက်တယ်။ အချိန်က နေ့လယ် 4:00။
ညနေက သိပ်စောင်းသေးဘူး။ အဲ့တုန်းက အားလုံးပေါင်း လူ (5) ယောက်လောက်ရှိမယ်။

မိဘတွေကို ခွင့်တောင်းပြီး ထွက်လာလိုက်တာ
ကျောင်းကို 4:30 လောက်မှာရောက်တယ်။
ရောက်ရောက်ချင်းဘဲ ထူးဆန်းတာတစ်ခုဖြစ်သွားတယ်။

အဲ့ဒါကတော့  သူမတို့ (5) ယောက်လုံး အဲ့ကျောင်းဝန်းထဲကို ဝင်မယ့် အချိန်မှာ ခွေးတွေက ရုတ်တရက်ကြီး ထအူတော့တာပါပဲ။

သူမတို့ ခြေလှမ်းကို ပြန်ရုတ်လိုက်တယ်။ အဲ့ကျတော့
ခွေးတွေက မဟောင်တော့ဘူး။

Ghost Diary {Completed}Where stories live. Discover now