Diary {21}

622 116 84
                                    

Unicode ‼️

Ghost Diary လေးထဲလဲ သရဲမှတ်တမ်းတွေ ရေးမှတ်ရင်း ရေးမှတ်ရင်းနဲ့ မှတ်တမ်း (၂၁ ) ထိ ရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

အခုတခါမှာလဲ ကိုယ်တွေ့သရဲနဲ့ဆုံစည်းဖူးတဲ့ ဖြစ်ရပ်မှန်လေးတွေကို စာရေးသူအား လာရောက်ပြောပြထားကြတဲ့ ညီမလေးတွေရဲ့ ကျေးဇူးကြောင့် အခုလိုပဲ စာဖတ်သူတို့အား Sharing လုပ်ပေးနိုင်ဖို့ အကြောင်းအရာသစ်လေးတွေ ရရှိခဲ့ပြန်ပါပြီ။

လိုက်ပါ စီးမျောခံစားကြည့်ကြပါဦးစို့။

✍️✍️✍️

သူမ အသက် ၅ နှစ်ကျော်ကျော်လောက်က ဖြစ်ခဲ့ခြင်းပါ။

သူမတို့ကလဲ မိသားစု ၄ ယောက်ပဲရှိတယ် ။ သူမရယ် အဖေရယ် အမေရယ် အစ်ကိုရယ် ။

မှတ်မှတ်ရရ အဲ့နေ့က အချိန်က ညနေဘက် ၆ ခွဲကျော်လောက်တော့ ရှိပြီ ။ အဖေ ၊ အမေ နဲ့ အစ်ကိုက အိပ်ခန်းထဲမှာ TV တူတူကြည့်နေကြတာ။

သူမတယောက်ထဲ အပြင်မှာ ကစားစရာ အရုပ်တွေနဲ့ ထိုင်ကစားနေတာ။

သူမတို့အိမ်ပုံစံက အပေါ်ထပ်ကို တက်လိုက်တာနဲ့ ခေါင်းရင်းဘက်မှာ ဘုရားခန်းနဲ့ ခြေရင်းမှာ ပြတင်းပေါက် ၂ ခု ရှိတယ်။

ပြတင်းပေါက်တစ်ခုရဲ့ ရှေ့မှာ စာရေးစားပွဲခုံတစ်လုံးချထားတယ်။  ပြတင်းပေါက်ကို ကပ်ပြီး ထားထားတာတော့ မဟုတ်ဘူး ။ စားပွဲနဲ့ ပြတင်းပေါက်ကြားမှာ လူတစ်ယောက် ဝင်ရပ်လို့ ရသေးတယ်။

သူမ အဲ့နေ့က ထိုင်တဲ့ပုံစံက ဘုရားခန်းဘက်ကို မျက်နှာမူပြီးတော့ ပြတင်းပေါက်နားက စာရေးစားပွဲကို ကျောမှီထိုင်နေတာ။

သူမကလည်း ငယ်ငယ်ကတည်းက အရုပ်တွေနဲ့ ကစားရင်ဖြစ်ဖြစ် ၊ ပျင်းတဲ့အခါကျရင်ဖြစ်ဖြစ် တစ်ယောက်တည်း အမြဲတမ်း စကားပြောလေ့ရှိတယ်။

အရင်နေ့တွေလိုပဲ အရုပ်တွေနဲ့ ကစားရင်း
တယောက်တည်း စကားပြောနေမိတာ။

အဲ့အချိန်မှာပဲ

သူမ အနောက်ကနေ "ရှူး... တိုးတိုး" ဆိုပြီး
ယောင်္ကျားသံတစ်ခု ကြားလိုက်ရတယ်။

Ghost Diary {Completed}Where stories live. Discover now