Diary {4}

1.4K 239 291
                                    

Unicode

ရှေ့က မှတ်တမ်း မှာတုန်းက ပြောပြခဲ့သလိုပဲ ငှက်ပျောပင်နဲ့ ဆိုင်တဲ့ အကြောင်းအရာလေးတစ်ခုကို ဦးစွာဖော်ပြပါ့မယ်နော်

တခါက ကျေးရွာလေးတစ်ရွာရဲ့ ထောင့်စွန်အိမ်လေးမှာ အမယ်အို နဲ့ အရွယ်ရောက်ပြီးသား သမီးပျိုလေးတို့ နေကြတယ်။

တစ်နေမှာတော့ မကောင်းဆိုးဝါး ဘီလူးတစ်ကောင်က ရွာစွန်ကို ရောက်လာပြီး ထိုမိန်းမပျိုလေးကိုတွေ့သွားတဲ့အခါမှာ ဖမ်းပြီး စားပစ်နိုင်ဖို့ ကြံရွယ်သတဲ့။

အဲ့ဒါကြောင့် ထိုမိန်းမပျိုလေးကို အိမ်ထဲက ထွက်လာစေဖို့ ဘယ်လို လုပ်ရင်ကောင်းမလဲ ဥာဏ်နီဥာဏ်နက်တွေ ထုတ်တော့တာပေါ့ အနှီဘီလူးက ။

သူအတွေးထဲပေါ်လာတာကတော့ ဘုန်းကြီးတပါးအဖြစ် အယောင်ဆောင်ကာ မိန်းမပျိုထံဆွမ်းခံကြွ အယုံသွင်းပြီးနောက် သူမကို စားပစ်မယ်လို့ ကြံစည်သတဲ့။

အဲ့နောက်တော့ သူ့ရဲ့အကြံအစည်ကို အကောင်အထည်ဖော်ဖို့ စတင်လှုပ်ရှားပါတော့တယ်။

မိန်းမပျိုလေးကတော့ သံဃာတစ်ပါး သူ့အိမ်ရှေ့မှာ ဆွမ်းခံကြွတယ်ဆိုပြီး ကြည်နူးပိတီဖျာပြီး သဒ္ဒါစိတ်အပြည့်နဲ့ ဆွမ်းထွက်လောင်းတာပေါ့ ။

ဆွမ်းလောင်းနေစဉ်အတွင်းတော့ သံဃာပဲ ၊ ပြီးတဖြေးဖြေးချင်း အသွင်ပြောင်းလာပြီးနောက် မိန်းမပျိုလေး ပြန်မော့အကြည့်မှာတော့ သူ့အရှေ့က သံဃာဟာ ဘီလူးဖြစ်နေတာမို့ အံ့သြသင့်မှုနဲ့ အတူ ကြောက်စိတ်တွေက တဟုန်ထိုး ပေါ်ပေါက်လာတယ်။

ပြီးနောက်မှ ထွက်ပြေးဖို့ သတိရပြီး

"ကယ်ကြပါဦး" အော်ရင်း ခြေလှမ်းတွေက ဦးတည်ရာမရှိနဲ့ ရောက်ရာပေါက်ရာ ပြေးပါလေတော့တယ်။

နောက်က ဘီလူးကလဲ

"မင်းက ငါ့အစာပဲ မပြေးနဲ့" အော်ရင်း လိုက်တာပေါ့ ။

မိန်းမပျိုလေးလဲ ကြောက်ကြောက်လန့်လန့် ပြေးရင်း နောက်ဆုံးမှာတော့ ခြေချော်လဲပြီး ဆက်လဲမပြေးနိုင်တော့တာမို့ သူမအရှေ့က အပင်တစ်ပင်ကိုသာ ကြောက်အားလန့်အားနဲ့ ဖက်ထားလိုက်မိသတဲ့ ။

Ghost Diary {Completed}Where stories live. Discover now