Diary {8}

959 190 60
                                    

Unicode

လွန်ခဲ့တဲ့ တပတ်လောက်က သတိထားမိခဲ့တဲ့ အကြောင်းအရာလေး တစ်ခုကို ပြောပြဖို့ရာအတွက် Diary {8} ဆိုတဲ့ ဤမှတ်တမ်းလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါတယ် ။

ထိုအကြောင်းအရာလေးမှာ စာရေးသူပဲ မျက်စိမှားတာလား ၊ တကယ်ပဲလားဆိုတာကိုတော့ အတိအကျ အတည်ပြုနိုင်လိမ့်မည် မဟုတ်သော်ငြား ထူးဆန်းသည့်အနေအထားမို့သာ ခုလို ရေးသားဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။ လွဲမှားမှုတွေ ရှိနေရင်တော့ အပြစ်မယူစေလို။

ထိုနေ့ညက (၈) နာရီ ထိုးလျှင် သံပုံးတီးကြရမည်မှာလုပ်နေကြအလုပ်မို့ စာရေးသူလဲ အိမ်ရှေ့ ဝရံတာသို့ ထွက်ကာ သံပုံးတီးဖြစ်ခဲ့သည်။

ဤနေရာတွင် စာရေးသူ၏ အိမ်အနေအထားအား တချက်ရှင်းပြလိုပါသည်။ အိမ်က တထပ်တိုက်လုံးချင်းအိမ်လေးသာ ဖြစ်ပြီး အိမ်ရှေ့မှာတော့ ဝရံတာလေးပါရှိ ပါသည်။

အိမ်အဝန်းအဝိုင်းကတော့ မိသားစုအိမ်ယာမို့ ခြံစည်းရိုးမရှိဘဲ ဘေးတွင်လဲ လုံးချင်းတထပ်အိမ်လေးတွေရှိနေပြီး အိမ်ရှေ့မြေကွက်လပ်တွင် သီးနှံပင်လေးများ စိုက်ပျိုးထားပါသည်။ ထိုစိုက်ခင်းလေးရဲ့ အလွန်တွင်လဲ အလျားလိုက်အနေအထားဖြင့် မြင်နေရတဲ့ မိသားစု တိုက်တန်းတစ်ခု ရှိပါသည်။

ထိုတိုက်တန်းကို ကျော်လွန်မှသာ လမ်းမကြီး တစ်ခုရှိပြီး ထိုလမ်းမကြီးဘေးတလျှောက်က သရက်တောတန်းလေးလို ဖြစ်နေပါသည်။ ထိုသရက်တောတန်းလမ်းလေးကနေ ထွက်မှသာ စာရေးသူတို့ မိသားစုအိမ်ယာတိုက်တန်းများ၏ ပင်မ ထွက်ပေါက် တံခါးကြီးရှိရာသို့ ရောက်ပေလိမ့်မည်။

စာရေးသူရှိနေခဲ့ရာ ဝရံတာမှ ကြည့်လျှင် မြင်နေရသည့် မြင်ကွင်းအရ အိမ်ရှေ့မြေကွက်မှ သီးနှံစိုက်ခင်းလေး ၊ ထိုမှတဆင့် အလျားလိုက်တိုက်တန်းအိမ်ယာလေး ၊ ပြီးမှ မျက်နှာချင်းဆိုင်အနေအထားရှိသည့် သရက်တောလမ်းမကြီး ။

မြင်ကွင်းအရကြည့်လျှင် မျက်နှာချင်းဆိုင်ရှိ ထိုသရက်ပင်လမ်းမကြီးတောက်လျှောက်ကို ရှင်းလင်းစွာ မြင်ရပါသည်။ နီးလွန်းတယ်ဟု မဆိုနိုင်သလို ဝေးလွန်းတယ်လဲ မဟုတ်ပေ။ မနီးမဝေးသာ။

Ghost Diary {Completed}Where stories live. Discover now