Diary {22} - "July 29"

627 116 46
                                    

Unicode ‼️

ကြောက်တတ်သူများ မဖတ်ရ 😱😱

တနေ့ကပေါ့ ညနေ ၅ နာရီလောက် ...
မမှောင်သေးပေမဲ့လဲ ရာသီဥတုက မိုးရိပ်ကြောင့် ခပ်မှိုင်းမှိုင်းနဲ့ပေါ့လေ ...

ဆိုင်ကယ်လေးစီးပြီး အေးအေးဆေးဆေးသွားနေတုန်း
မီးပွိုင့်တခုမှာ မီးနီမိသွားတော့ ဆိုင်ကယ်အရှိန်လေးလျော့ပြီး မီးစိမ်း စောင့်နေမိတယ် ။

အဲ့မှာ ကိုယ့်ရှေ့က ဆိုင်ကယ်မှာက အန်တီကြီးတစ်ယောက် ၊ ခပ်၀၀နဲ့ ။

မီးကလဲ မစိမ်းသေးတော့ စိတ်ရှည်ရှည်စောင့်ရင်း မျက်လုံးက ဟိုဒီလျှောက်ကြည့်နေမိတုန်းမှာပဲ ဗြုန်းကနဲ အကြည့်ရောက်သွားတာက ထိုအန်တီကြီးရဲ့ ဆိုင်ကယ် မှန်ထဲမှာ ပေါ်နေတဲ့ သူမရဲ့ မျက်နှာပုံရိပ်ဆီကို ။

ဒါပေမဲ့

အဲ့အချိန် ရုတ်တရက်တွေ့လိုက်မိတာက ထိုအန်တီကြီးရဲ့မျက်နှာအပြင် သူမမျက်နှာဘေးမှာ ဖြောင့်စင်းနေတဲ့ ဆံနွယ်ရှည်ကြီးနဲ့အတူ ဖြူစုပ်စုပ်၊ ဖျော့ဖတ်ဖတ် မိန်းမပျိုတစ်ယောက်ရဲ့ မျက်နှာတစ်ခုကိုပါ ထပ်ပြီး အထင်းသား မြင်လိုက်ရတယ် ။

"အား....."

လူက လန့်ဖျန့်ပြီး ကြက်သီးတောင် ထသွားတယ် ။

"ဒါ .... ဒါ ဘာလဲ .... မှန်ထဲမှာ ပေါ်နေတာ သရဲလား ၊
ငါ့ကို ခြောက်နေတာလား" တွေးပြီး လူက
ကယောင်ခြောက်ခြားဖြစ်နေပြီ ။

ဟိုတွေးဒီတွေး စိတ်တွေက အစိုးမရနိုင်ဖြစ်ပြီး ကြောက်အားလန့်အားနဲ့ ....။

မီးကလဲ မစိမ်းသေး ၊ မျက်နှာကြီးကလဲ
မှန်ထဲမှာ ပေါ်နေတုန်း ။

အဲ့လိုကနေ ကြောက်စိတ်သက်သာရာ ရလိုရငြား ဘေးမှာရှိတဲ့ လူတွေနဲ့အတူ ဟိုဟိုဒီဒီသို့ လျှောက်ကြည့်လိုက်မိတော့မှ

.
.
.
.
.
.
.
.

လက်စသတ်တော့ တွေ့ပါပြီ တရားခံကို ....။

အဲ့တာကတော့ လမ်းဘေးမှာ ထောင်ထားတဲ့ ကြေငြာ
ဆိုင်းပုဒ် တစ်ခုက အစပြုခဲ့တယ်..။

ဖြစ်ချင်တော့ ထိုဆိုင်းပုဒ်မှာ ပြသထားတာက အနက်ရောင် Backgroundပေါ်မှာမှ ခေါင်းလျှော်ရည် ကြေငြာနေတဲ့ မော်ဒယ် တစ်ယောက်ရဲ့ ပုံရိပ် ဖြူဖြူလွလွ ။

Ghost Diary {Completed}Where stories live. Discover now