Diary {5}

1.3K 241 101
                                    

Unicode

ထပ်မံဖော်​ပြ​ပေးလိုတာက​တော့ စာ​ရေးသူကိုယ်​တိုင်​ကြုံ​တွေ့သိရှိခဲ့ရတဲ့ အဖြစ်​အပျက်​လေး တခုပဲ ဖြစ်​ပါတယ်​။

ထိုအချင်းအရာ ဖြစ်​တည်​ရာ​နေရာ​လေးက​တော့ ခုသင်္ကြန်​ပိတ်​ရက်​တုန်းက စာ​ရေးသူ​ရောက်​ရှိ​ခဲ့တဲ့ တရားစခန်း​လေးအတွင်းမှာပဲ ဖြစ်ပါတယ်​။

စာဖတ်​သူ​လေးများ မှတ်​မိ​နေဦးမယ်​ထင်​ပါသည်​။ သရဲမှတ်​တမ်း တစ်​ခုတွင်​လဲ စာ​ရေးသူကြုံ​တွေ့ခဲ့တဲ့ အဖြစ်​အပျက်​မှာ ထိုသို့ တရားစခန်းတခုက​နေ အ​ခြေတည်​ပြီး သိရှိခဲ့ရတယ်​ဆိုပြီး​ဖော်​ပြခဲ့ဖူးပါသည်​။ ယခုလဲ​နောက်​ထပ်​တခြား တရားစခန်းမှာ ထပ်​မံသိရှိကြုံ​တွေ့ခဲ့ရခြင်းပင်​။

ထိုအ​ကြောင်းအရာကို စတင်​၍​ပြောပြရ​တော့မည်​ဆိုရင်​ဖြင့်​....

စာ​ရေးသူတို့​ရောက်​ရှိ​နေတဲ့ ရိပ်​သာ​လေးသည်​မြို့အစွန်​တောတွင်းတ​နေရာတွင်​ရှိ​လေသည်​။​ဘေးက​တောင်​အသွယ်​သွယ်​တွေ ကာရံပြီး သရက်​ပင်​နှင့်​တခြားအပင်​အစုစု ဝန်းရံလျက်​ဖြင့်​တကယ့်​ကို ဆိပ်​ငြိမ်​အေးချမ်း​သော​နေရာ​လေးတစ်​ခု ဖြစ်​လေသည်​။

ရိပ်​သာသို့ ဝင်​ဝင်​ခြင်း ဝင်​ပေါက်​ကြီးက​တော့ တခမ်းတနားဖြင့်​ကြိုဆို​နေသလို စ​တွေ့​တွေ့ချင်း​ယောဂီ​ဆောင်​များသည်​လည်း ဘန်​ဂလို​လေးများသဖွယ်​တ​ဆောင်​နှင့်​တ​ဆောင်​တသီးတသန့်​လေး ထားသည်​မို့ သူ့​နေရာနှင့်​သူ သပ်​သပ်​ရပ်​ရပ်​လေး ရှိ​လေ၏။

ဘန်​ဂလိုစုစု​ပေါင်း ၃၀ နီးပါး ရှိပြီး လမ်းမ၏ တဖက်​တချက်​တွင်​၁၅​ဆောင်​ခန့်​စီဖြင့်​အစီအရီ တည်​ရှိ​လေသည်​။ ဘန်​ဂလိုတိုက်​ခန်း​လေး​တွေရဲ့ ပုံစံကလဲ နတ်​ဘုံနတ်​နန်း ပြသာဒ်​ဆောင်​လေး​တွေအလား ခမ်းနားသည်​။ ထို့အပြင်​အ​ဆောင်​လေး​တွေရဲ့နာမည်​ကိုလဲ ၂၄ ပစ္စည်း ပဋ္ဌာန်း​ဒေသနာ​တော်​အရ​ဟေတုပစ္စ​ယော​ဆောင်​၊ အာရမ္မဏပစ္စ​ယော​ဆောင်​စသည်​ဖြင့်​ခေါ်​ဝေါ်ထား​လေသည်​။

စာ​ရေးသူတို့​နေခဲ့တဲ့ အ​ဆောင်​လေးက​တော့ ဈာနပစ္စ​ယော​ဆောင်​လေး ဖြစ်​လေသည်​။ အ​ဆောင်​တခုအတွင်း​ယောဂီ ၇​ယောက်​မက​အေး​အေးချမ်းချမ်း​နေထိုင်​နိုင်​သည်​အထိ ကျယ်​ဝန်းပြီး အိမ်​သာ​ရေချိုးခန်း ပြည့်​ပြည့်​စုံစုံပါဝင်​လေသည်​။

Ghost Diary {Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ