Diary {2}

2.3K 294 212
                                    

Unicode

စာရေးသူသိခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်၏ ကျောင်းတက်စဉ်အခါက အဆောင်အတွင်းဝယ် ကြုံတွေခဲ့ရတဲ့ ခြောက်လှန့်ခံရခြင်း အဖြစ်အပျက်လေးတွေကို တပေါင်းတစုထဲ စုစည်းကာ ဖတ်လို့ကောင်းအောင် သူမရဲ့ Point of View အနေနဲ့ သင့်တော်သလို ရေးသားတင်ပြပါ့မယ်နော်။

••••••••••သရဲမှတ်တမ်း ••••••••••

တက္ကသိုလ်ကျောင်းသူမို့ သူငယ်ချင်းများနဲ့အတူ အပြင်အဆောင် သီးသန့်ဌားနေဖြစ်ခဲ့ပေမဲ့ ဖြစ်ချင်တော့ ထိုအဆောင်နှစ်ထပ်တိုက်ကြီး၏ ဘေးရှိ မြေကွက်လပ်ကြီးသည် ယခင်က င်္သချိုင်းဟောင်းကြီး ဖြစ်ခဲ့ဖူးသည်တဲ့လေ ။

သို့ပေမဲ့ စိတ်ထဲဝယ် ဘယ်လိုမှတော့ အထူးတလည် မခံစားမိခဲ့ ။ တခါတရံ ညကြီးအချိန်မတော် ခွေးများ ထထအူသံ ကြားတတ်သည်ကလွဲ၍ ကြောက်ရွံ့ခြင်း ကင်းမဲ့ကာ အေးချမ်းစွာပင်နေခဲ့ကြသည်။

ထို့သို့နေထိုင်ခဲ့ရာမှ ကျောင်းသူအရွယ် ဆိုတော့ကား အပျော်သဘောဖြင့် အတတ်ဆန်းလေးတွေ စူးစမ်းတတ်သည် နှင့်အညီ သူငယ်ချင်းတစ်ဦးမှ "အပျင်းပြေ Spirit ( ဝိညာဉ် ) ခေါ်ကာ အနာဂတ်ကို မေးတိုင်း လုပ်ကြည့်ကြရအောင်" ဆိုသည့်တိုက်တွန်းမှုအောက်ဝယ် အားလုံး တညီတညာထဲ ခေါင်းငြိမ့် လက်ခံခဲ့ကြ လေသည်။

[A/N ထိုအချိန်အခါတုန်းက ထိုကဲ့သို့ သရဲခေါ်ပြီး ဆော့ကစားကြခြင်း ခေတ်စားခဲ့သည်ကို စာဖတ်သူများလဲ ကြားသိဖူး ကြလိမ့်မည်ထင်ပါသည်။
( စာရေးသူကိုယ်တိုင်လဲ ဆော့ခဲ့ဖူးပါသည်  ) ]

ဇာတ်ကြောင်းကိုဆက်ရမည် ဆိုလျှင်ဖြင့် ထိုကဲ့သို့ ဝိညာဉ်ခေါ်ကာ မေးရာတွင် အသုံးပြုခဲ့ကြသည့် အရာများမှာ မှန်တချပ်၊ ကြွေခွက်အသေးတလုံး နှင့် နှင်းဆီတပွင့်တို့ပင် ဖြစ်လေသည် ။

လတ်လတ်ဆတ်ဆတ်နှင်းဆီပွင့်လေးကို ကြွေခွက်ထဲထည့် ပြီးနောက် မှန်ပေါ်သို့ မှောက်ကာချထားလိုက်ခြင်းပင် ။

ထို့နောက် မှန်၏ ထောင့်အစွန်းနေရာများတွင် A to Z အက္ခရာများကို စီတန်းကာ ရေးထားရသည်။ ထို့မှသာ ဥပမာ အားဖြင့် မိမိဖူးစာရှင်နာမည် အတိုကောက်ပြောပါ ဆိုလျှင် ထိုအက္ခရာများရှိရာသို့ ကြွေခွက်လေးသည် ရွေ့ကာရွေ့ကာ သွားရင်း စာလုံးပေါင်းပြမည်ပင် ဖြစ်လေသည်။

Ghost Diary {Completed}Where stories live. Discover now