Diary {13}

731 150 80
                                    

Unicode‼️

အခု Diary လေးထဲမှာ ရေးမှတ်မဲ့ အကြောင်းအရာကတော့ ညီမငယ်တစ်ယောက်ပြောပြတဲ့ သူမရဲ့ ကိုယ်တွေ့ သရဲခြောက်ခံခဲ့ရတဲ့ ဖြစ်ရပ်မှန်လေးပဲ ဖြစ်ပါတယ်။

စာရေးသူအနေနဲ့ သူမဆီမှ ခွင့်ပြုချက်ဖြင့် အခုလိုပဲ အားလုံးသိနိုင်အောင် Sharing လုပ်ပေးလိုက်ရပါတော့တယ်။

ဤအကြောင်းအရာကား သူမ ၇ တန်း နှစ်တုန်းက အဆောင်နေရင်း ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်တစ်ခုပဲ ဖြစ်ပါတယ်။

တစ်ညဘက်ကြီးအရောက်မှာ အိမ်သာသွားချင်စိတ်ဖြစ်လာလို့ သူမ အိပ်ယာမှ နိုးသွားခဲ့တယ်။

အိမ်သာကတော့ အိပ်ဆောင်နဲ့ မလှမ်းမကမ်းမှာ ရှိသော်လည်း အားလုံးအိပ်မောကျပြီး တိတ်ဆိတ်နေတဲ့အချိန်ဆိုတော့ အနည်းငယ်ခြောက်ခြားစရာကောင်းတာမို့ သူမအတွက် အိမ်သာသို့ရောက်အောင် သွားဖို့ မနည်းသတ္တိ အားမွေးလိုက်ရသည်။

အဲ့နောက် အိမ်သာသွားပြီး ပြန်လာတော့ အစောင့်တွေ အိပ်လေ့ရှိတဲ့ ခြံထဲက အိပ်ရာတစ်ခုပေါ်မှာ လူတစ်ယောက် ရှိနေလေတာကို သတိထားလိုက်မိတယ်။ ပုံစံကြည့်ရတာက အမျိုးသမီးတစ်ယောက် ဖြစ်ဟန်တူ၏။

သူ့ဘေးက ဖြတ်အပြန်မှာ

ထိုသူက ယပ်တောင်ကြီးနဲ့  ရင်ဘက်ပေါ်သို့ တစ်ဖျက်ဖျက်ခပ်နေရင်းက "အိမ်သာသွားချင်လို့ထလာတာလား" ဟု မေးလေတယ်။

သူမလဲ ခေါင်းညိတ်ပြလိုက်မိရာ "အေးအေးသွားအိပ်တော့" ဆိုပြီးပြောတာကြောင့် ခပ်သုတ်သုတ်ပဲ သူမအခန်းဆီသို့ ပြန်လာခဲ့တော့တယ်။ စိတ်ထဲမှာတော့ သိပ်ပြီး ဘဝင်မကျလှ။

အဲ့ဒါကြောင့်လဲ မနက်ရောက်တော့ အဆောင်ထဲကအစ်မတချို့ထံ မေးကြည့်လိုက်မိတော့ "အဲ့နေရာကိုဘယ်သူမှလာအိပ်တာ မမြင်မိဘူး ၊ ထိုနေရာမှာ အိပ်နေကျသူက မနေ့က မလာဘူး" တဲ့လေ ။

အကြောင်းရင်းကို ပြန်ဆန်းစစ်လိုက်တော့

ဘေးအိမ်ကကောင်မလေးတစ်ယောက်ဆုံးထားတာရှိပြီး အစိမ်းသေဟု သိရလေသည်။

ဒါပေမဲ့  အဆောင်ကဆရာမတွေက ထိုအကြောင်းဆို မပြောခိုင်းတာကြောင့် ဘာမှမပြောရဲဘဲ နေခဲ့ရခြင်းပင်။

Ghost Diary {Completed}Where stories live. Discover now