Diary {11}

827 147 66
                                    

Unicode ‼️

အခုဆိုရင်တော့ Ghost Diary ဆိုတဲ့ ဒီစာအုပ်လေးမှာ "စွဲလမ်းစိတ် နဲ့ မကျွတ်လွတ်ခြင်း" ဆိုတဲ့ အကြောင်းအရာလေးကို သိသလောက် မှတ်သလောက် ရေးသားဖို့ ရောက်ရှိလာခဲ့ပြန်ပါပြီ။

အရာဝတ္ထုတခုခု (သို့မဟုတ်) သက်ရှိ တစ်ယောက်ယောက် အပေါ် လွန်ကဲစွာ စွဲလမ်းစိတ်ဖြစ်တွယ်တဲ့အခါမှာ ထိုအစွဲကို ချွတ်နိုင်ဖို့ရာက လွန်စွာ ခဲယဉ်းလှပါတယ်။

ထိုစွဲလမ်းစိတ်ကို မချွတ်နိုင်ဘဲ သေဆုံးသွားခဲ့ရင်တော့ အခုလိုပဲ မကျွတ်လွတ်ခြင်းဆိုတဲ့ သံသရာတောထဲလည်မဲ့ အကြောင်းအရာလေးတွေ ဖြစ်တည်လာပါတော့တယ်။

ဒီဇာတ်ကြောင်းလေးကိုတော့ စာဖတ်သူ ညီမလေးတစ်ယောက်ပြောပြတဲ့ သူမရဲ့ ကိုယ်တွေ့အဖြစ်အပျက်ပေါ်မူတည်ပြီး အခုလိုပဲ စီလျော်အောင် ပြန်လည်ရေးသားတင်ပြလိုက်ရပါတယ်။

ဖြစ်စဉ်လေးကတော့

သူမ ငယ်ငယ်တုန်းက အိမ်ပြောင်းရဖို့ ဖြစ်လာခဲ့တာမို့ အိမ်အသစ်ကို ပြောင်းရွှေ့ရောက်ရှိသွားခဲ့တယ်။

အနှီအိမ်ပိုင်ရှင်ဟောင်းရဲ့အဖေက ထိုအိမ်မှာပဲ ဆုံးသွားတာဖြစ်ပြီး သူ့ရဲ့ပစ္စည်းတွေက အဲ့အိမ်မှာပဲရှိသေးတယ်တဲ့လေ။

ဖြစ်ချင်တော့ သူမလည်း ထိုပစ္စည်းတွေ သိမ်းထားတဲ့ စတိုခန်းထဲကို ဝင်ပြီး အဲ့ပစ္စည်းတွေက ဘာတွေလဲဆိုတာကို သိချင်ဇောနဲ့ လျှောက်ကိုင်ကြည့်ခဲ့လိုက်မိတယ်။

ဒီလိုနဲ့ နောက်နေ့ မနက် ၅ နာရီဝန်းကျင်လောက်ကြီးမှာ အိပ်ချင်နေတဲ့ကြားထဲက ရုတ်တရက် တခုခုရဲ့ နှိုးဆော်မှုကြောင့် ထင်ပါတယ် သူမ နိုးလာလေရဲ့။

ဒါ့ကြောင့် သူမလဲ အိပ်ရာက နိုးလာတဲ့အခါ မျက်လုံးကို ပွတ်သတ်ပြီး သမ်းဝေရင်းကနေ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်မိတော့ အဲ့အချိန်မှာပဲ မြင်လိုက်ရတဲ့အရာက သူမကို ရုတ်တရက် ရှော့ရသွားလောက်သည်အထိ ကြောက်စိတ်တွေ ကြီးစိုးပြီးထိတ်လန့်တုန်လှုပ်သွားစေမိပါတော့တယ်။

အဲ့ဒါက ဘာလဲဆိုတော့ သူမကုတင်ခြေရင်းဘေးနားရှိ အဝတ်ဘီဒိုရဲ့ဘေးမှာ ရပ်နေပြီး သူမအား စိုက်ကြည့်နေလေသော သူတစ်ယောက်အား တွေ့လိုက်ရသောကြောင့်ပင်။

Ghost Diary {Completed}Where stories live. Discover now