Diary {1}

3.2K 367 74
                                    

Unicode

စာရေးသူ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက ကြုံတွေခဲ့ရတဲ့ ကိုယ်တွေ့အဖြစ်အပျက်လေး တစ်ခု ပြောပြချင်ပါတယ်။

အဲ့တုန်းက စာရေးသူက နယ်မြို့လေးတမြို့မှာနေခဲ့တာပါ ။

နွေကျောင်းပိတ်ရက်ရောက်တော့ မေမေက စာရေးသူကို တရားစခန်းတစ်ခုမှာ ယောဂီအဖြစ် စခန်းဝင်ဖို့ ပို့ထားခဲ့တယ်။

အဲ့တရားစခန်းက စာရေးသူနေတဲ့ မြို့မဟုတ်ဘဲ တခြားမြို့ တမြို့ရဲ့ မြို့အစွန်တောထဲမှာရှိတဲ့ တကယ့်ကို ဆိပ်ငြိမ်တဲ့ ရိပ်သာလေး တစ်ခုပါ ။

မြစ်ကမ်းနံဘေးမှာ တည်ထားပြီး တကယ့်ကို အေးချမ်းလိုက်တာ လွန်ပါရော ။ ကျောင်းပေါ်ကနေ လှမ်းကြည့်ရင် မြစ်ပြင်ကျယ်ကြီးကို လှမ်းမြင်နေရတာ။ သဘောင်္ကြီးတွေ တရွေ့ရွေ့နဲ့ ဖြတ်သွားကြတာကိုက လွမ်းမောချင်စရာ ။

စိမ်းစိုနေတဲ့ သစ်ပင်ပန်းမာန်တွေနဲ့ အုံ့စိုင်းပြီး တောရိပ်တောင်ရိပ် အရသာကို အပြည့်အ၀ ခံစားရတာပါ ။

တရားစခန်းလေးရဲ့ သာယာပုံကို ညွှန်းပြတာ များသွားပြီ ။ ကဲ ... အဓိက ပြောပြချင်တဲ့
ဇာတ်လမ်းလေးက ခုမှစမှာ။

တရားစခန်းမှာ ရက်ပြည့်ပြီး ပြန်ကာနီးရက်ရောက်တဲ့အချိန်မှာတော့ အဲ့ကျောင်းမှာရှိတဲ့ ယောဂီတရားပြဆရာမ ဦးဆောင်ပြီး စာရေးသူတို့ကို မြို့ထဲသို့ သူမရဲ့ကားနဲ့ အလည်လိုက်ပို့ပါတယ် ။

အဲ့မြို့ထဲမှာကလဲ သမိုင်းဝင် ရှေးဘုရားတွေ ရှိတော့ ဘုရားဖူး လိုက်ပို့တဲ့သဘောပေါ့လေ။

အဲ့မှာ ညနေပိုင်း ၅ နာရီဝန်းကျင်လောက် ရိပ်သာကနေ ကားနှစ်စီးနဲ့ ယောဂီတွေ အပြည့်တင်ပြီး ထွက်လာခဲ့ကြတာပေါ့။

စာရေးသူတို့ စီးခဲ့တဲ့ကားက ဆလွန်းကားလေးဆိုတော့ ကားပေါ်မှာ လူ ၅ ယောက်လောက်ပဲပါပြီး နောက်တစီးကတော့ လိုက်ထရပ်ကားဆိုတော့ ယောဂီတွေ ၁၀ ယောက် ပါမယ်နဲ့တူတယ် ။

ရိပ်သာက တောထဲမှာရှိတာဆိုတော့ လမ်းမကြီးပေါ်ရောက်ဖို့ကို အနည်းငယ် လှမ်းပါတယ်။

Ghost Diary {Completed}Where stories live. Discover now