Diary {25} - "Final"

855 118 101
                                    

Unicode ‼️

Ghost Diary လေးရဲ့ Final မှတ်တမ်းလေး ရောက်ရှိလို့ လာခဲ့ပါပြီ။

Final မှတ်တမ်းလေးအနေနဲ့ ဖြစ်ရပ်မှန်ဖြစ်တဲ့ သရဲတွေ အများကြီးရှိနေတဲ့ တိုက်အိမ်လေးတအိမ်ရဲ့ အကြောင်းကို မှတ်တမ်းတင်ရေးမှတ်သွားမှာပဲ ဖြစ်ပါတယ်။

ဤဇာတ်ကြောင်းလေးကိုတော့ ထိုသရဲခြောက်တဲ့ သရဲတွေနေတဲ့ အိမ်ကြီးရဲ့ မျက်နှာချင်းဆိုင်မှာ နေတဲ့ ကောင်မလေး ။ သူမရဲ့ ပြန်လည်ပြောပြချက်များဖြင့်သာ ဤဇာတ်လမ်းလေးကို အသက်သွင်းသွားပါ့မည်။

လိုက်ပါစီးမျောပေးပါဦးနော်။

==========

ထိုတိုက်အိမ်လေးကတော့ အမိုးပြာလေးနဲ့ အခန်းတခု။ ၄ထပ်တိုက်ကြီးကိုမှ ဒုတိယထပ်အခန်းလေး။

ထိုအခန်းလေးမှာ အိမ်ဌားအဖြစ် လာရောက်နေထိုင်ကြတဲ့ မိသားစုတွေက အများသား။ သို့သော် လုံးဝလူမမြဲ။ မကြာခဏ ပြောင်းပြေးနေကျရသည်။
ဘာလို့လဲဆိုတော့ အိမ်ထဲမှာတင် ခန့်မှန်းချေ သရဲငါးယောက်ခန့်ရှိမည် ထင်ပါသည်။

အိမ်ရှင်ညီအကိုဓားထိုးမှုနဲ့ထောင်ကျပြီး အိမ်ကနေမည့်သူမရှိဘဲ လွတ်နေခဲ့တာအကြာကြီး။ နောက်တော့ အိမ်ငှားတင်ခဲ့သည်။ အဲ့လိုကနေ ဤဇာတ်လမ်းတွေက စတင်ခဲ့ပါသည်။

ဦးဆုံးဌားနေလေတဲ့ ထိုအိမ်ငှားတွေကတော့ မနက်ပိုင်းမှာ တိုက်ခန်းသန့်ရှင်းရေးလုပ်တာကို အိမ်နဲ့ မျက်နှာချင်းဆိုင်အိမ်မှာ နေတဲ့ သူမတို့က  မြင်မိတယ်။

ဒါပေမဲ့ သန့်ရှင်းရေးလုပ်ပြီး နေ့လည်လောက်မှာ ပြန်သွားကြတာကိုလည်း မြင်လိုက်မိတယ်။

နောက်နေ့ မနက်ရောက်တဲ့အခါမှာတော့  သူမရဲ့ အစ်မဖြစ်သူက အခန်းလိုက်ကာလေးလှပ်ပြီး ထိုအိမ်ဘက်သို့ လှမ်းကြည့်ရင်းမှ

"ညတုန်းက ရှေ့အိမ်ကအိမ်ဌားတွေ ပြောင်းလာပြီးနေကြပြီမလား"

ဟုဆို၏ ။

ထိုအခါ သူမကလဲ "မပြောင်းလာသေးပါဘူး မမကလဲ အိမ်သန့်ရှင်းရေးလုပ်ပြီးပဲ ပြန်သွားတာပါ"
ဟုပြောလိုက်တော့

Ghost Diary {Completed}Where stories live. Discover now