Diary {14}

750 147 76
                                    

Unicode ‼️

ညဘက်ချိန်ခါကြီးမှာ သားစိမ်းငါးစိမ်းတွေ သယ်ပြီး မသွားရဘူးဆိုတာနဲ့ ပက်သက်ပြီး ညီမတစ်ယောက်ပြောရတဲ့ ဖြစ်ရပ်မှန်လေး တစ်ခုကို Ghost Diary စာအုပ်လေးထဲမှာ ရေးမှတ်ဖို့အတွက် ရောက်ရှိလာခဲ့ပြန်ပါပြီ ။

ဟိုအရင်ကလဲ အမဲသားစိမ်းထုတ်ကြီးကိုင်ပြီး အိမ်ပြန်လာလို့ လမ်းမှာ သရဲက ထိုအမဲသားထုတ်ကို ဝင်ဆွဲတဲ့အကြောင်း အရှေ့က အပိုင်းတစ်ခုထဲမှာ ဖော်ပြခဲ့ဖူးပါတယ်။

အခုကတော့ ဤသို့ဤနှယ် ဇာတ်ကြောင်းသာ ဖြစ်ပါတော့တယ်။

ထိုအမျိုးသမီးလေးရဲ့ ဖြစ်စဉ်ကတော့ ညနေစောင်းဘက်ကြီး စျေးဝယ်ထွက်ခဲ့မိခြင်းကနေ စတင်ခဲ့ပါတယ်။

ဖြစ်ချင်တော့ သူမက ပုံမှန်​ဆို ဟင်းချက်​စရာ​ဈေးဝယ်​လေ့ မရှိပါဘူး။ သူမရဲ့ အ​မေပဲ​ဈေးသွားပြီး အကုန်​ချက်​ပြုတ်​နေကြမို့ မီးဖိုချောင်ကိစ္စကို သူမ တာဝန်မယူခဲ့ရပေ။

သို့ပေမဲ့ သူမ အ​မေက ဘုရားဖူး ခရီးထွက်​သွားဖြစ်ပြီး သူမတို့လည်း အ​မေ မရှိတဲ့ ရက်​ပိုင်း အ​တောအတွင်း ချက်​စားရမှာလည်း ပျင်းတာနဲ့ ဝယ်​စားရင်​စား (ဒါမှမဟုတ်​) ဖြစ်​သလိုပဲ ရှိတာနဲ့ စားကြတယ်​။ အထူးတလည်​ဈေးမသွားဖြစ်​ဘူး​ပေါ့​လေ။

အဲ့ဒါနဲ့ပဲ တရက်မှာတော့ မနက်​ဖြန်ဆို ဆွမ်းချိုင့်​ပို့ရမယ့်​နေ့​ရောက်​လာတယ်​။ ပုံမှန်​ဆို သူမ အ​မေ ကပဲ မနက်​ဖြန်​ဆွမ်းချိုင့်​နေ့ ဆိုရင်​ ဒီ​နေ့ကတည်းက ကြိုတင်ပြီး အကုန်​ဝယ်​ခြမ်း​နေကျပေါ့။

အခု သူမ အ​မေ အိမ်မှာမရှိ​တော့ အားလုံးကလဲ မနက်​ဖြန်​ဆွမ်းချိုင့်​ပို့ရမှာကို သတိမရဘဲ မေ့နေကြတယ်လေ။

အဲ့လိုကနေ ည​နေပိုင်း​လောက်​မှ သူမက ရုတ်တရက် သတိရသွားတယ်​။ မနက်​ဖြန်​ဆွမ်းချိုင့်​ပို့ရမှာပါလား​ပေါ့။

ပုံမှန်​ ကိုယ့်​မိသားစု ပဲဆိုရင်တော့ ဘယ်​လိုစားစား ရ​ပေမယ့်​ဆွမ်းချိုင့်​ဆို​တော့​ကား သေ​သေချာချာ ချက်​ပြုတ်​ပို့မှပဲ သင့်တော်မယ်ပေါ့  ဘာညာ တွေးတောရင်းနဲ့ ညနေရုံးဆင်းအပြန်ကျရင်တော့ စျေးဝင်ဝယ်ရမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။

Ghost Diary {Completed}Where stories live. Discover now