Diary {7}

1.1K 204 50
                                    

Unicode

ဤမှတ်တမ်းကို ရေးနေသည့်အချိန်တွင် စာရေးသူအနေဖြင့် ထိတ်လန့်စရာ ခြောက်ခြားစရာ အနေအထားတခုအတွင်း ရောက်ရှိနေသည် ဆိုတာကို ဦးစွာ သိစေလိုပါသည်။

အဘယ့်ကြောင့်ဆိုသော် ဤမှတ်တမ်းမှာ စာရေးသူ၏ ကိုယ်တွေ့ဖြစ်ရပ်မှန်တစ်ခု ဖြစ်နေသောကြောင့် ယခု လက်တွေ့ ထိတ်လန့်ခြောက်ခြားစရာတွေ့ကြုံနေရခြင်းပင်။

ထိုဖြစ်ရပ်မှန်ဟူသည်မှာကား ....

အစမှ တင်ပြရမည်ဆိုပါလျှင်

စာရေးသူသည် တက္ကသိုလ်ဆရာမ တစ်ယောက်ဖြစ်ပြီး တက္ကသိုလ်ကျောင်းဝန်းထဲရှိ ဆရာမများအဆောင်တွင် နေထိုင်လေသည်။

ယခု Covid ကာလကြီး ဖြစ်သည်မို့ ကျောင်းများပိတ်ထားသော်လည်း တက္ကသိုလ်ဆရာမ ဘ၀ကတော့ ၂ ပတ် တက် ၂ ပတ်နား အလှည့်ကျ တာဝန်ဖြင့် ရုံးတက်နေရပါသည်။ သို့ပေမဲ့ ကျောင်းဝန်းအတွင်းတွင်တော့ ကျောင်းသူ ကျောင်းသားများလဲ မရှိပဲ တိတ်ဆိတ်ခြောက်ကပ်နေသကဲ့သို့ ဆရာဆရာမအဆောင်များတွင်လဲ ဟိုယခင်ကလောက် ဆရာဆရာမ
အင်အား မရှိတော့ပဲ ခြောက်တိခြောက်ကပ်ဖြင့်သာ ။

စာရေးသူ နေထိုင်သည့် ထိုဆရာမအဆောင်သည် ၄ ထပ်ဆောင်ကြီး ဖြစ်ကာ စာရေးသူကတော့ ၃ ထပ်မြောက်တွင် နေထိုင်ပါသည်။

အဆောင်သဘောအရ အခန်းချင်းကျောချင်းကပ်အနေအထား ၊ မျက်နှာချင်းဆိုင်အနေအထား စသည်ဖြင့် အခန်းပေါင်း မြောက်များစွာ ရှိပြီး စာရေးသူနေထိုင်သည့် ၃ ထပ်မြောက်တွင်လည်း စာရေးသူ၏ အခန်းနံပါတ်က ၉၂ ဖြစ်ပြီး ၁၀၁ အထိ အခန်းပေါင်း ၁၀ ခန်းအထိရှိသည်။ စာရေးသူ အခန်းနှင့် ကျောချင်းကပ်တွင်တော့ ၁၀၁ မှ ၁၁၁ ထိ ရှိသည်။ စာရေးသူအခန်းမှ မျက်စောင်းထိုးဘက်ခြမ်းတွင်လဲ ထိုနည်းတူစွာပင် ။

သို့သော် ထိုသို့ အခန်းတွေ များနေသော်လည်း နေထိုင်သည့် ဆရာမအရေအတွက်မှာ နည်းလေသည်။ စာရေးသူ တို့ ဘက်ခြမ်းတွင် စာရေးသူ၏ အခန်း ၉၂ နှင့် ၉၆ အခန်းတွင်သာ လူနေထိုင်ပြီး ကျန်အခန်းများမှာ လူမရှိပေ ။ အခန်း အလွတ်များသာ ။ တကယ့်ကို ခြောက်တိခြောက်ကပ် တိတ်တိတ်ဆိတ်ဆိတ်။  ယခင်ကဆိုလျှင်တော့ ရှိသမျှ အခန်းအားလုံး လူအပြည့် ဆူဆူညံညံ အသံများ ၊ စကားပြောသံ ၊ သီချင်းဖွင့်သံ စသည်ဖြင့် တကယ် စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင် ။ အနေအထားခြင်းတွေသည် ကွာခြားခဲ့လေပြီ ဖြစ်သည်။

Ghost Diary {Completed}Where stories live. Discover now