Diary {10}

865 163 101
                                    

Unicode ‼️

ဒီ Ghost Diary လေးထဲမှာ စာမရေးဖြစ်တာ ကြာခဲ့ပြီမို့ Diary လေး တစ်ခု ဆက်ရေးဖို့ အခုလိုပဲ ရောက်ရှိလာခဲ့ပြန်ပါပြီ။

ကိုယ်တွေ့ ကြုံရတဲ့ သရဲဇာတ်လမ်းလေးတွေတော့ ဒီရက်ပိုင်းထဲ မရှိပေမဲ့ သူများပြောပြလို့ ကြားသိထားတဲ့ အကြောင်းအရာလေးတွေတော့ ဗဟုသုတရအောင် ပြန်ပြီး Sharing ပေးချင်လို့ပါ။

ဦးစွာ မေးခွန်းလေး တစ်ခု မေးချင်ပါတယ်။

"ခေါစာပစ်တယ်" ဆိုတာကို ကြားဖူးကြလားဟင် ။

အခု ပြောပြမဲ့ အကြောင်းအရာလေးကတော့ အဲ့ဒါနဲ့ ဆက်နွယ်နေပါတယ်။

ခေါစာပစ်တယ်ဆိုတာက အသားစိမ်း ငါးစိမ်းတွေကို ထမင်းနဲ့ဖြစ်ဖြစ်ရောပြီး (သို့မဟုတ်) ထမင်းမပါပဲ ဒီအတိုင်းဖြစ်စေ သရဲ၊ သဘက်၊ နာနာဘာဝ ၊ ပြတ္တာစသဖြင့် မကျွတ်လွတ်တဲ့ သူများကို ခေါ်ပြီးကျွေးရတဲ့ အစီအရင်လေး တစ်ခုပါပဲ ။

ဘယ်လိုအခါမျိုးမှာ ဒီအစီအရင်ကို လုပ်တတ်ကြလဲဆိုရင်တော့ နေထိုင်မကောင်းခဏခဏ ဖြစ်တတ်တာတို့ ၊ မိမိကိုယ်မှာ ပယောဂ အနှောက်အယှက် တခုခု ရှိနေ၊ကပ်နေတဲ့အချိန် တို့မှာ ခေါစာပစ်ပြီး အန္တရာယ်ကင်းအောင် ယတြာသဘောမျိုး လုပ်ဆောင်တတ်ကြတဲ့ အယူအဆရှိပါတယ်။

စာရေးသူကြားသိဖူးတဲ့ အကြောင်းကတော့ စာရေးသူရဲ့ အသိ အစ်မတစ်ယောက်က ပြောပြဖူးတာဖြစ်လို့ အခုလိုပဲ သူမ ဇာတ်ကြောင်းလေးကို ပြန်ပြောင်း ပြောပြလိုက်ရပါတော့တယ်။

သူမရဲ့ တူမလေး ငယ်စဉ်က ခဏခဏဖျားတတ်တာကြောင့် ဗေဒင်ဆရာမအား သွားရောက်မေးမြန်းရာမှ ကံအနိမ့်တွေပျောက်ပြီး အနှောင့်ပယောဂ ကင်းအောင် ခေါစာပစ်ဖို့ လုပ်ဆောင်ခိုင်းခဲ့ပါတယ်။

အချိန်အားဖြင့်တော့ နေဝင်ရီတရော အချိန်မှာ လုပ်ဆောင်ခိုင်းတာ ဖြစ်ပြီး အသားစိမ်း၊ငါးစိမ်း များကို ထမင်းဖြင့်ရော ထုတ်ကာ သူတို့ခြံအနောက်ရှိ ဒေါင့်တစ်နေရာတွင် သွားပစ်ထားပြီး လာရောက်စားသုံးကြဖို့ ဖိတ်ခေါ်ရန်လဲ မမေ့ဖို့ သူမကို မှာကြားခဲ့ပါတယ်။

Ghost Diary {Completed}Where stories live. Discover now