Diary {25} - "Final"

Start from the beginning
                                    

အစ်မက

"ဟယ် ညက မမတွေ့လိုက်ပါတယ်... စွပ်ကျယ်အကျီဝတ်ထားတဲ့ ယောင်္ကျားတစ်ယောက် အဲ့အခန်းရဲ့ပြတင်းနားမှာ ရပ်နေတာ"

အစ်မစကားကြားပြီး အံ့သြသင့်သွားရသလို ထိုအချိန်ကစပြီး ထိုတိုက်အိမ်အပေါ် သူမတို့ ညီမတတွေရဲ့ စိတ်ဝင်စားမှုက မြင့်တက်လာခဲ့ပါတော့သည်။

နောက်ကျ ထိုအိမ်ဌားတွေ ​ရောက်လာပြီး နေထိုင်ခဲ့ပါသည်။ သိပ်မကြာပါဘူး အသံစတင်ကြားရတော့သည်။

အဘယ့်ကြောင့်ဆိုသော်

ထိုအိမ်မှာ အဖေဖြစ်သူ နဲ့ အမေဖြစ်သူ ကြွေးကောက်သွားနေရင် ဆယ်နှစ်ကျော်အရွယ် အမြွှာကလေးမလေးတွေပဲ ကျန်ခဲ့သည်။ ၁၅ နှစ်လောက်ရှိမယ့် ကောင်လေးကလဲ အိမ်မကပ်။ သမီးကြီးကတော့ အလုပ်သွားနဲ့။

အဲ့အချိန်မှာပဲ ထိုအမြွှာကလေးမတွေက
ပရိတ်ခွေဖွင့်ပြီး အောက်ဆင်းထိုင်နေရဲ့လေ။

စျေးဆိုင်အိမ်က မေးကြည့်တော့ သမီးတို့အိမ်ထဲ သရဲရှိလို့တဲ့။

နေ့ခင်းကြောင်တောင် ကလေးမလေးတွေခဗျာ အိမ်သာတောင် မဝင်ရဲ ဖြစ်နေကြရရှာ။

တယောက်အိမ်သာ တက်ရင် တယောက်က အိမ်သာရှေ့ကပ်ပြီးနေရ။ အဲ့လိုတောင် အခြေအနေဆိုးတယ်ဟု ပြောပြလေသည်။

တစ်နေ့မှာတော့ သူတို့အိမ်က ၁၅ နှစ်အရွယ် သားလေးက ပဲခူးမြစ်ထဲ ရေနစ်သေဆုံးသွားခဲ့လေတယ်။
သူငယ်ချင်းတအုပ်လုံး ရေနစ်တာဖြစ်ပြီး အလောင်းပြန်ရဖို့ တောင်ရက်ကြာခဲ့တယ်။

သို့ပေမဲ့ အဲ့မှာဘာထူးခြားလဲဆို ကောင်လေးမဆုံးခင်က သူအပေါင်းအသင်းသူငယ်ချင်းတွေ လာရင်
ဒီဘက်ခြမ်းကသူမတို့အိမ်ရဲ့ ခေါင်းရင်းလမ်းကြားကနေလာပြီး အချက်ပေးနေကျ။

အဲ့ရေနစ်တဲ့ ညကတော့ သူတို့အလောင်းကို မြစ်ကြောင်းထဲ စက်လှေဌား ရဲတွေရော မိဘတွေပါရှာနေကြတာ။

မှတ်မှတ်ရရ အဲ့ညတုန်းက သူမတို့ အိမ်ဘက်ကလဲ နွေဘက်ဆိုတော့ ပူလို့ ည ၁၀ နာရီလောက်မှ တံခါးတွေပိတ်ပြီး လိုက်ကာချဖြစ်တယ်။

Ghost Diary {Completed}Where stories live. Discover now