ကဲ စာဖတ်သူလေးတို့ရော ကြောက်လာပြီလား ။

========

သူမကတော့ ငယ်ငယ်ကလည်း သရဲ‌ခြောက်တာခံရဖူးတယ်။
သူမတို့မောင်နှမတွေ ကြုံခဲ့ရတာ။

အဲ့သရဲက ဘယ်လိုမျိုးလဲဆိုတော့
ဆူညံတာကိုမကြိုက်ဘူးတဲ့။

သူမတို့မောင်နှမတွေက အဲ့တိုက်ရှေ့က ဒန်းမှာသွား​ဆော့ကြတာ။ အော်ကြဟစ်ကြ ဆူကြညံကြနဲ့ပေါ့။

အဲ့အချိန်မှာပဲ အကောင်းအတိုင်းရှိတဲ့ ဒန်းကြိုးတစ်ဖက်က ဝုန်းခနဲ ပြုတ်ကျတာ။

သူမကထိပ်ဆုံးကကျတယ်။

အကိုတွေ အစ်မတွေက လဲကျရာကနေ ထသွားနိုင်ပေမဲ့ သူမခဗျာမှာတော့ လေးဖက်ထောက်ကြီးဖြစ်ပြီး ထလို့မရတော့ဘူး။

အချိန်ကလည်းညနေမှောင်ရီတရောအချိန်။

အကိုကလည်း‌ကြောက်လန့်တကြားနဲ့ အဒေါ်ကို‌ပြေးခေါ်တာ ။

အဲ့တော့မှ အဒေါ်က အဲ့သရဲကိုတောင်းပန်ပြီး ညီမကိုထကြည့်ခိုင်းတယ်။

အဲ့အချိန်ကျချက်ချင်းထနိုင်သွားတာရယ်။

တချို့တော့ အကြောင်းတရားတွေဟာ တကယ်ပဲ ဆန်းပြားပါတယ်။

=======

တခါကတော့ နယ်ဘက်ကို ခရီးထွက်ရင်း သူမတို့ အသိအိမ်မှာ နေဖြစ်ခဲ့တယ်။

အဲ့လိုကနေ ညအိပ်တော့ မအိပ်ခင် သူမက ဘုရားတရား ရွတ်ဖတ်ပူဇော်တတ်သူမို့ ရွတ်ဖတ်ပေမဲ့ ရင်ထဲမှာ ကြပ်နေပြီး တမျိုးကြီးနေလို့ မကောင်းခဲ့ဘူးတဲ့လေ။

ညအိပ်ချိန်မှာတော့ အိပ်ပျော်သွားပြီးနောက်
အိမ်မက်ထဲမှာ အမျိုးသမီးတစ်ယောက် ပေါ်လာတယ်။ အိပ်နေတဲ့ သူ့ဘေးမှာ ရပ်နေပြီး ခါးကြီးထောက်ပြီးတော့

"ညည်းက ငါ့ကို မေ့နေပြီပေါ့လေ"

ထိုသို့ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောပါသတဲ့။

အဲ့တော့ သူမလဲ အရမ်းကို ကြောက်လန့်သွားတော့တာပေါ့။

အိမ်မက်ကနေ လန့်နိုးလာတော့ တကယ်ကို သူ့ဘေးမှာ လူတစ်ယောက်ရှိနေခဲ့သလိုမျိုး ခံစားနေရပြီး အိမ်မက်ထဲမှာတုန်းက လူက တုပ်တုပ်မျှ မလှုပ်နိုင်ဖြစ်ကာ သရဲဘီလူးစီးခံရသလိုမျိုးလဲ ဖြစ်နေခဲ့ပါသေးတယ်တဲ့။

Ghost Diary {Completed}Tempat cerita menjadi hidup. Temukan sekarang