သူ့ပါးစပ်ကလည်းသွေးတွေရွဲလို့။

အား.... အဲ့အိမ်မက်ကို မြင်မက်ပြိး တညလုံးအိပ်ရတာအဆင်မ‌ပြေဘူး။

မနက်ရောက်တော့လည်း တော်တော်‌ကြောက်နေခဲ့တာ ။

ကြာတော့လည်း ဒါအိပ်မက်ပါပဲဆိုပြီး မေ့မေ့လျော့လျော့နေမိသွားတာ ။

သို့ပေမဲ့ တစ်နေ့ကညဘက် သူမ ပန်းကန်ဆေးနေတုန်း အဲ့တိုက်ကနေ မီးရောင်ကလင်းလာလိုက် ပြန်မှိန်သွားလိုက်နဲ့ အဲ့လိုသုံးလေးခါလောက်ဖြစ်တော့ သူမလည်းမကြည့်ပဲမနေနိုင်တော့ဘူးရယ်။ အဲ့မှာကြည့်မိလိုက်တာ။

ဘုရားသခင်... ဘာကိုတွေ့လိုက်မိသလဲဆိုတော့

အမှောင်ထဲကနေ ပြူးထွက်နေတဲ့ အလင်းရောင်ကြီး။

အမှောင်ထဲမှာ မြင်ရတတ်တဲ့ ကြောင်ရဲ့ မျက်လုံးလိုမျိုး။

သို့ပေမဲ့ ထိုအရာက  ‌ကြောင်မဟုတ်
မီးနီနီကြီး‌‌တွေ။

ကြီးမားလှတဲ့ အရောင်တွေထွက်နေသော မျက်လုံးနီကြီး တခုခုက ကိုယ့်ကို ကြည့်နေသလိုမျိုး။

အဲ့တာကိုမြင်ပြီး အသက်ရှူဖို့တောင်မေ့သွားတယ်။

တကယ်ပါ အဲ့နေ့ကစပြိး အဲ့တိုက်ဘက်ကို လှည့်တောင်မကြည့်ရဲတော့ပါဘူး။

=========

နောက်တခုက သူမအဒေါ်‌ပြောပြတဲ့ အကြောင်းအရာပါ။

သူတို့လမ်းကဆုံးသွားတဲ့ပုဂ္ဂိုလ်က ‌အိမ်တွေကိုလိုက်ပြီး‌ခြောက်လှန့်ပါတယ်တဲ့

အဲ့တာနဲ့ထပ်ပြီးမခံနိုင်တော့လို့
အထပ်တစ်ထပ် မှာနေခိုင်းထားရတာမျိုး ရှိလေရဲ့။ အဲ့ကျမှပဲ ငြိမ်သွားတယ် ဆိုပါတော့။

ဒါတောင်မှ ထိုအဒေါ်ဖြစ်သူကိုလည်း‌ခြောက်ဖူးတယ်တဲ့လေ။ အိပ်မက်ထဲကိုလာတာ။

အိမ်မက်ထဲမှာ ဘယ်လိုကြုံလဲဆိုတော့

သူ့ကိုထမင်းမကျွေးရကောင်းလားဆိုပြီး
ဂုတ်ပေါ်ခွတက်တာတဲ့။

အဒေါ်ကဘုရားတရားလုပ်သူမို့ သိပ်မ‌ကြောက်တတ်ပေမဲ့ အဒေါ်‌ပြောပြတာကြာပြီးတော့ သူမမှာတကယ်အိပ်ဖို့တောင်‌ကြောက်မိနေတာတဲ့လေ။

Ghost Diary {Completed}Where stories live. Discover now