အနောက်ဘက်ကနေရပ်ပြီး နားအနားကို
ကပ်ပြောသွားသလိုမျိုး အသေအချာကို
ကြားလိုက်ရတာ။

ရုတ်တရက်ဆိုတော့ သူမကလဲ အစ်ကို အနောက်ကနေ လာပြီး စနောက်သွားတယ်ပဲ ထင်ခဲ့မိတော့
အဲ့တာကြောင့် လှည့်မကြည့်ပဲနဲ့

"အာ... အစ်ကို လာနောက်မနေနဲ့ " ဆိုပြီး ရယ်ရယ်မောမောနဲ့ ပြန်အော်ပြောတော့

နောက်ထပ်တကြိမ်

"ကလေးမလေး... ရှူး တိုးတိုး... နင့်အစ်ကိုမဟုတ်ဘူး " ဆိုပြီးတော့ သေသေချာချာကို ထပ်ကြားမိလိုက်ရပြန်တယ်။

သူမအနေနဲ့ အဲ့တုန်းက အစ်ကိုအသံနဲ့ တူလို့ဆိုပြီး နှစ်ခါလောက်ကြားတဲ့အထိ မယုံဘူး။ အစ်ကို လာနောက်နေတယ်ပဲ ထင်နေဆဲ။ ဒါပေမဲ့ မသင်္ကာလို့ဆိုပြီး စားပွဲနောက် လှည့်ကြည့်တော့မှ ဘာဆို ဘာမှကို ရှိမနေခဲ့တာ။

အဲ့အချိန်မှာပဲ

မေမေတို့နဲ့ စကားပြောနေတဲ့ အစ်ကို့ အသံကိုလည်း အိပ်ခန်းထဲကနေ ကြားနေရတော့ ခုနက သူမအနားနားကပ်ပြီး ပြောလိုက်တဲ့အသံဟာ တကယ်ပဲ အစ်ကို မဟုတ်ဘူးဆိုတာ သိသွားပြီး "အမေရေ သရဲခြောက်တယ်" ဆိုပြီး အခန်းထဲ  တန်းနေအောင် ပြေးမိတော့တာပါပဲ။

အခန်းပြင်မှာ ထားထားတဲ့ အခန်းစီးဖိနပ်တွေတောင်  အိပ်ယာပေါ် ရောက်ကုန်တဲ့အထိ သူမ အတင်းဝင်ပြေးမိတာ။

အခြအနေမှန်ကို သိသွားမှ အရမ်းကြောက်သွားမိတာကိုး။ နောက်နေ့ကြတော့ တခါတည်း ဖျားသွားပါလေရော ။

ပတ်ဝန်းကျင်က အသံလို့ပြောရအောင်လည်း သူမတို့အိမ်နဲ့ မျက်နှာချင်းဆိုင် တစ်အိမ်ကလွဲရင် ဘေးဘက်မှာ အိမ်လုံးဝ မရှိဘူး။

အသံက သေချာပေါက် ယောင်္ကျားတစ်ယောက်ရဲ့အသံ ။ လုံးဝကို နားနဲ့ဆတ်ဆတ်ကြားခဲ့တာမို့ အဲ့တုန်းက ကြားခဲ့တဲ့ "ရှူး.... တိုးတိုး"  ဆိုတဲ့အသံကတော့ အခုချိန် တစ်ခြားသူကို ပြန်ပြောပြနေရင်းတောင် နားထဲပြန်ကြားလောက်ရတဲ့အထိကို ဘဝမှာ စွဲမြဲသွားခဲ့တာ။

အခုတော့လဲ သူမတို့ အဲ့ဒီအိမ်မှာ မနေတော့ပါဘူး။

ထိုအိမ်မှာတုန်းကလဲ နောက်ပိုင်းတော့ ဘာမှမထူးတော့ဘူး။ အဲ့လို သရဲအခြောက်ခံရပြီးကတည်းက ဘုန်းကြီးတွေပင့်ပြီး အမျှတမ်းပေးလိုက်တော့ ကျွတ်လွတ်သွားတယ် ထင်ပါရဲ့ ။

Ghost Diary {Completed}Where stories live. Discover now