မောင်ဆိုတာ... ♡♥♡

2.1K 126 1
                                    

Unicode 🌴

" ယောက်ျားဆိုတာမျိုးက ကိုယ်ကသာ ရှုပ်ချင်ရှုပ်မယ််
ကိုယ့်ဆိုင်သူသက်ထားကိုတော့ ဖြူဖြူစင်စင်လေး
နေစေချင်တာမျိုးဗျ.. "

ဒါက ကိုယ့်မျက်နှာကို ကြည့်ပြီးပြောလာတဲ့ မောင့်စကား..။

"ဆိုလိုတာက မင်းပဲရှုပ်မယ် ငါကျတော့ မရှုပ်ရဘူး
အဲ့လိုလား?

ချက်ချင်းပြန်မဖြေ၊ အရှေ့မှာရှိတဲ့ ပြင်းရှရှဝိုင်တွေကို
မော့နေဆဲ.. ပြီးမှ..

"အဟမ်း! မောင်ပြောချင်တာကလေ.. အေ့!

"တော်ပါ ကိုယ်အမူးသမားနဲ့ စကားမပြောချင်ဘူး မောင် "

Yiboတစ်ယောက် မိန်းမလှလေးနှစ်ယောက်ကို တစ်ဖက်ဆီ
ထားပြီးပျော်ပါးနေတဲ့ ရှောင်းကျန့်ကို မျက်ဝန်းရွှဲကြီးနဲ့
ကြည့်နေရသည်။ ရှန်ဟိုင်းကိုပြန်ရောက်တော့ ပြန်မယ်
ဆိုတာကို၊ ကိုကိုကအခုထိ အရေးမလုပ်...

"အို.. မောင့်ကိုကိုက ကောင်မလေးတွေနဲ့ ပလူးနေတာကို
မောင်ဘယ်လိုစိတ်နဲ့များ ကြည့်ဝံ့ပါ့မလဲ?

"ငါချည်းပဲမဟုတ်ဘူးလေ မင်းဘေးမှာလည်း ကောင်မလေး
နှစ်ယောက်ရှိတာပဲ မဟုတ်လား အခွင့်သာတုန်း
ပျော်ပါးစမ်းပါကွာ.. "

သူမျက်စပစ်ပြတဲ့ ကောင်မလေးတွေကို Yiboကတော့
ဝိုင်ပုလင်းကြီးကိုင်ပြီး ငူငူကြီး ကြည့်နေလေရဲ့...

"သားအလစ်မှာ လုပ်ရတာ စိတ်ကြိုက်သာပျော်ပါးပစ်.. "

"အခုတော့လည်း ကိုကို့ကောင်လေး အရက်သမားကို
ငြိုငြင်ပြီပေါ့ ဟုတ်လား ကိုကို!

"မောင်ရာ ရစ်လိုက်တာ.. "

Yiboကိုဂရုမစိုက်၊ ကောင်မလေးတွေ ခွံ့ကျွေးတဲ့
သစ်သီးတွေကိုပြုံးပြုံးကြီးစားနေဆဲ..။ ပေါက်ထွက်မတတ်
ကြည့်နေသည့် yiboကြောင့် ကောင်မလေးနှစ်ယောက်လုံး
ကျောရိုးတစ်လျှောက် စိမ့်ခနဲဖြစ်သွားရသည်။

"ကိုကိုရဲ့မောင် ၊ ကိုကိုချစ်တဲ့မောင်ကတော့ မနက်ဖြန်
နေရာဌာနကို ပြန်တော့မယ် အဲ့တော့ သားကိုပါ
ခေါ်သွားမယ်လို့!

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedTahanan ng mga kuwento. Tumuklas ngayon