Zawgyi 🌴
နှိုးစက်အသံကြောင့် ဆတ်ခနဲထထိုင်လိုက်တယ်။
ညတုန်းကအတော်လေး သောက်ထားသည်မို့ ခေါင်းက
သိပ်မကြည်ချင်။ နောက်ကျိကျိဖြစ်ကာ ထိုးကိုက်လာတဲ့
နားထင်လေးကိုလက်နဲ့ဖိနှိပ်ပြီး ခုံပေါ်ကဖုန်းကိုယူကြည့်တော့
လောင်ကျန်းဖေးခေါ်ထားတဲ့Phone Callတွေက
နည်းတာမဟုတ်။လောင်ကျန်းဖေးဆိုသည်မှာလဲ စိတ်ဒုက္ခပေးနိုင်ဆုံး
လူတစ်ယောက်ပဲ။ အစကတော့ ပေကပ်ကပ်နဲ့
အိပ်ယာပေါ်မှာလွန်ဆွဲနေတုန်း၊ ဒါပေမယ့် သူပို့ထားတဲ့
Message လေးကြောင့်သာ ကောက်ကာငင်ကာ
ထဖြစ်သည်။ရေချိုးခန်းထဲကို တန်းပြီးဝင်သွားကာ အတော်ကြာအောင်
အချိန်ဖြုံးလိုက်သည်။ ပြီးမှခါးအောက်ပိုင်းကို
တပတ်လေးတစ်ထည်ပတ်၍ ထွက်လာသည်။ ပြီးတာနဲ့
အဝတ် ဝတ်ခြင်းအစီစဉ်ကိုစသည်။ ခြံထဲမှာသာမက၊
လမ်းမတစ်လျှောက်ကျဆင်းနေတဲ့ဖွေးဥဥနှင်းတွေကို
ကြည့်လျှက် ဘာရယ်မဟုတ်ကိုယ့်ရဲ့ဖြစ်တည်မှုအစကိုတောင်
သတိရမိပါသေးတယ်။မဟုတ်ဘူး.. မဟုတ်သေးဘူး သတိရတယ်ဆိုတာက
သတိမေ့တတ်တဲ့လူတွေရဲ့အလုပ်ပဲလေနော်။ သူက ကိုယ့်ရဲ့
အရာရာဖြစ်သည့်တစ်လျှောက်တမင်သတိရယူစရာကို
မလိုအောင် နှလုံးသားထဲ ၊ ဦးဏှောက်ထဲ၊ ဘဝထဲမှာ
နေရာယူထား၍ သတိရတယ်ဆိုတဲ့ စကားကိုမသုံးသင့်ဘူး။သက်ဆိုင်သူလေး မရှိတော့သည့်တစ်လျှောက် မနက်တိုင်း
Coffeeကိုသာအမှီပြု၍ သုံးဆောင်ရခြင်း။ ဟုတ်တယ်
သူကလဲ ကော်ဖီခါးခါးလေးဆိုရင် ကြိုက်တာပဲ။ခပ်ရေးရေးပြုံးလို့ ခွက်ထဲမှာကျန်နေသေးတဲ့ကော်ဖီတွေကို
တစ်ကျိုက်ထဲမော့သောက်လိုက်သည်။ ကုမ္ပဏီကို
ရောက်ရင်တော့ လောင်ကျန်းဖေးကို မောင်နဲ့ပတ်သတ်ပြီး
သတင်းမေးရဦးမယ်။ ဒီတလော သူပဲစုံစမ်းပေးနေတာ
ဆိုတော့။ကားသော့ကို ဆွဲယူ၍ကားနားအထိ ကပ်လာတဲ့ခြေလှမ်းတို့က
အားမရှိသလို။ အကြည့်တွေသည်လဲ ဝင်းဝင်းပပ မရှိ
ထုံထိုင်းနေသည်။ ထို့အတူ တင်းတင်းစေ့ထားသော
နှုတ်ခမ်းပါးလေးတွေ မပြုံးမရယ်တာ အတော်ကြာပြီ
ဖြစ်သလို လခြမ်းကွေးပမာ ဖြစ်သွားတတ်သည့် မျက်ဝန်း
တွေလဲ ယခုချိန်မှာ မျက်ရည်များနဲ့သာ မိတ်ဖွဲနေ၍။
YOU ARE READING
မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)Completed
FanfictionZawgyi 🍁 Unicode ပုံပြင်လေးတစ်ပုဒ်ကိုမောင်နဲ့ပဲစတင်ကြည့်ကြပါစို့ ❤ ပုံပြင်လေးတစ်ပုဒ်ကိုမောင်နဲ့ပဲစတင်ကြည့်ကြပါစို့ ❤