(37)

14K 1K 90
                                    

Zawgyi 🌴

ဒီမျက်နှာနုနုလေးရယ်၊ ပြီးတော့ နီစွေးစွေးနှုတ်ခမ်းလေးရယ်
လွမ်းနေခဲ့တာကြာပေါ့။ မျက်နှာတစ်ခုလုံးလက်ကလေးနဲ့
ထိတွေ့ရင်း နှုတ်ခမ်းသားလေးဆီကို အခြေစိုက်တော့
တံတွေးမျိုချမိပါ၏။

ထို့နောက် လက်ကိုဆတ်ခနဲဆွဲကာ နိုးနိုးချင်းနမ်းရှိုက်လာ၍
အဲ့ဒါကြောင့် သူခိုးလူမိမျက်နှာနဲ့ ရှက်ကိုးရှက်ကန်း
ဖြစ်ရသည်။

"ခင်ဗျားက အနမ်းသူခိုးလုပ်နေတယ်ပေါ့ ဟုတ်လား"

ပြုံးဆဆနဲ့မေးလာ၍ ကိုယ့်မှာဘာပြန်ဖြေရမှန်းမသိ၊
သူကတော့ သူ့မူပိုင်အတိုင် ရယ်ကြဲကြဲသာလုပ်မြဲပင်။

"မောင်.. ကိုယ်က"

"ရှူး!!

ရှေ့ဆက်ပြောမယ့်စကားတို့ကိုသူမကြားချင်၍လားမသိ၊
နှုတ်ခမ်းပေါ်ကိုလက်တင်ကာ အလျင်အမြန်တားပါ၏။

"မောင်.. ညတုန်းကအဖြစ်ပျက်ကို မှတ်မိရဲ့လား"

သိချင်၍မေးလိုက်သောစကားတို့ကြောင့် သူ့မျက်ဝန်းထဲမှာ
အရောင်တစ်မျိုးဖြတ်ပြေးသွားသည်။

"ဘာကိုလဲ '

"ရူးချင်ယောင်ဆောင်နေပြန်ပြီ"

စူပုတ်ပုတ်နဲ့ပြောလေသောကြောင့် yiboဟက်ခနဲ
တစ်ချက်ရယ်လိုက်သည်။ ဒီကလေးဆိုးကြီးကိုတော့
သူတစ်ကယ်လက်မြှောက်ရပါသည်။ မနေ့တုန်းက ကိုယ့်မှာ
သူ့ကိုပြောချင်တဲ့စကားတွေကိုပြောမထွက်မှာကြောက်သဖြင့်
အရက်သောက်ပြီးရဲဆေးပါတင်ထားရတယ်။

နဂိုဗီဇက မှားမှားမှန်မှန် ပြန်မတောင်းပန်တတ်၍သာ၊
ထို့ကြောင့် တောင်းပန်စကားဆိုမိတော့ တော်တော်နဲ့ပင်
ပြောမထွက်။ ဒီအရင်က သူထွက်သွားရင်ပြီးရောဆိုပြီး
ပေါ့ပေါ့တွေးပြီး ရင်နာနာနဲ့ပြောခဲ့လေသမျှ ဒီလူကြီး၏
ခေါင်းမာမှုအောက်မှာ လက်မြှောက်ခဲ့ရပါသည်။

သူက မာနကြီးသူဆိုရင်၊ ယုန်ဆိုးကြီးကလဲ ခေါင်းမာသူကြီးပဲ။

"မင်းတစ်ကယ်မှတ်မိတယ်အလား"

ကိုယ့်ကိုယ်စေ့စေ့ကြည့်ကာရယ်သွမ်းနေသည်ကြောင့်
ခပ်ဆတ်ဆတ်မေးလေတော့ ခေါင်းကို ခပ်မြန်မြန်
ညိမ့်ပြသည်။

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now