(16)

13.5K 1.2K 356
                                    

Zawgyi 🌴

"မောင်.. ဘာလုပ်ချင်လဲ ဘာစားမလဲ
ကိုကို ဘာလုပ်ပေးရမလဲဟင်"

"မောင်.. အခု စဉ်းစားနေတာ"

"မောင်က ဘာတွေစဉ်းစားနေတာလဲ"

"ဟင့်အင်း.. မစဉ်းစားပါဘူး ကိုကို
အခု မောင်ပြောချင်တာကလေ မောင့်မှာ
ကောင်မလေးရှိနေပြီ ကိုကို့  ကိုသိစေချင်လို့ပါ"

အစကတည်းက သိပြီးသားကိစ္စကြီးကို
မသိချင်ယောင်ဆောင်ပြီးနားထောင်နေရတာလဲ
ဟာသတမျိုးပဲ။

"အင်း.. အဲ့ဒါ ဘာဆန်းလို့လဲ "

"ဟိုလေ.. အဲ့ဒါ မောင်ကောင်မလေးကို
လက်ဆောင်ပေးချင်တယ် ဘာလက်ဆောင်
ပေးရင် ကောင်းမလဲဟင် ကိုကိုစဉ်းစားပေး"

"သူ့နာမည်က ဘာတဲ့လဲ မောင်.. အဟက်ဟက်
ကိုကိုက မောင့်ကောင်မလေးနာမည်ကို
သိခွင့်ရှိတယ် ထင်လို့ပါ"

"ပန်ကိတ်တဲ့..

"မောင် သူ့ကိုသိပ်ချစ်တာပဲလားဟင်"

ရှောင်ကျန့်yiboကိုမေးထောက်လျှက်စေ့စေ့ကြည့်ကာ
ပြောလိုက်တယ်။ ခံစားချက်တို့ကမျက်နှာပေါ်မှာ
မမြင်ရတာကြောင့်အဆင်ပြေတယ်ဆိုရမှာပေါ့။

"သူ့ကိုဘာလက်ဆောင်ပေးရင်ကောင်းမလဲ"

"သူက ဘာလိုချင်တာတဲ့လဲ မောင်!!

"မမေးရသေးဘူး "

"ညံ့လိုက်တာ ကိုယ့်မိန်းကလေးက ဘာလိုချင်လဲဆိုတာကိုတောင် မောင်မသိဘူး မောင်စဉ်းစားကြည့်ပါဦး သူ့ကိုတစ်ကယ်ချစ်တာရော
ဟုတ်ရဲ့လား ကိုကိုဆိုရင်လေ မောင့်မျက်နှာနဲ့မောင့်လေသံကို
နားထောင်ယုံနဲ့ ဘာလိုချင်လဲတန်းသိတယ်"

အဲ့လိုအမှန်တရားကိုချပြတော့လဲမောင်ကလက်မခံ။
ကြည့်ရတာ မောင့်အတွက်ဒီအမှန်တရားက
သိပ်ခါးလွန်းတယ်ထင်ပါရဲ့။

"မဖြစ်နိုင်တာ..မောင်သူ့ကိုတစ်ကယ်ချစ်!!!!

ဆက်မပြောပဲအဲ့နေရာမှာတင်ရပ်လိုက်တဲ့yiboက
မသိစိတ်ကရှောင်ကျန့်နာကျင်မှာကိုတော့စိုးရိမ်တတ်သား။

"ကဲ.. အဲ့ဒါတွေမပြောတော့ပဲနေရအောင် ကိုကို
မောင်ပင်ပန်းနေပြီ"

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now