(31)

13.7K 1.2K 150
                                    

Zawgyi🌴

"ဟိုလေ.. မောင် မလာဘူးလား"

တုန်ရီနေသော အသံမှာကြောက်စိတ်များပါဝင်နေမှန်း
ခံစားမိသည်။ ငိုထား၍နှာခေါင်းထပ်လေးကပါ
ရဲရဲတောက်နေ၏။ ထို့နောက် ချထားသည့်ကော်ဖီခွက်အား
မော့သောက်ပြီး။

"ခင်ဗျားလဲသိတယ်မလား ကျွန်တော်တို့က ခေါ်မှမခေါ်တာ"

စကားအဆုံး၌စိတ်ပျက်မှုများစွာဖြင့်ခပ်တိုးတိုးသက်ပျင်း
ချသံသဲ့သဲ့ကိုပါကြားရ၍။

"စိတ်မကောင်းပါဘူး သူပျောက်သွားတဲ့ကိစ္စကို
လာမမေးသင့်ဘူးထင်တယ်"

"ဒါဆို မောင် ဘယ်များထွက်သွားတာလဲ အိမ်ကိုလဲ
ပြန်မလာဘူးလေ"

"မသိနိုင်ဘူး သူ့မိန်းကလေးနဲ့ အတူတူထွက်သွားတာလဲ
ဖြစ်နိုင်တာပဲ"

သိသိသာသာပျက်ယွင်းသွားသောမျက်နှာလေးကို
ခပ်ပြုံးပြုံးကြည့်နေလိုက်တော့သည်။ Wang yibo
ပျောက်သွားရခြင်းကို အခုမှသတိထားမိကြပုံပဲ။

"ရွှယ်ယမ်.. နင်ဘာလို့အဲ့လိုလုပ်ရသလဲ"

ထိုစဉ် အနားကိုရောက်လာသည့် ပန်ကြောင့် ရွှယ်ယမ်နဲ့အတူ
ရှောင်ကျန့်ပါမျက်လုံးပြူးသွားရသည်။

"အဟမ်း.. နင်ဘာလာလုပ်ပြန်တာလဲ ငါပြောပြီးပြီလေ
Yiboမရှိပါဘူးလို့ ခနခနငါ့ဆီကိုလာမရှာစမ်းနဲ့"

အကြည့်နဲ့အချက်ပြသည်မို့ပန်ကလဲပါးနပ်စွာပင်။

"ရုတ်တရက်ကြီး သူပျောက်သွားတာ ထူးဆန်းနေသလားလို့
အာ.. ရှင်ပါရောက်နေတာကိုး ဒီချိန်ကြီးကိုလေ"

ပန်ကမှောင်ကျနေတဲ့အပြင်ကိုကြည့်လိုက်ရှောင်ကျန့်ကို
ကြည့်လိုက်နဲ့။

"ငါကယောက်ျားလေ ဒီချိန်လာလဲ ဘာဖြစ်မှာမလို့လဲ
ပြီးတော့ မင်းကျတော့ ဒီလောက်မိုးချုပ်နေတာကို
လာတယ်ပေါ့ ငါထင်တာတော့ ဒီချိန်ကလေ
လူပျောက်ရှာသင့်တဲ့အချိန်မဟုတ်ဘူးထင်တယ်"

"သူများသာပြောတယ် ရှင်ကျတော့ဘာထူးလဲ
အချိန်မတော် ထလာတာမလား"

"ဒါတော့ငါက သူ့ရဲ့သတ်ဆိုင်သူလေ ဘယ်တူမလဲ"

ဒီအတိုင်းဆက်ကြည့်နေရင်ပြဿနာတတ်ဖို့မြင်နေတာကြောင့်
ကြားကနေ ရွှယ်ယမ်ကပဲ။

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now